ကြက်သားကြော်မယ်ဆိုရင် ကြက်ရင်အုံသားထက် ကြက်ပေါင်သားကို ပိုကြော်သင့်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကြက်ပေါင်သားက ရင်အုံသားထက် အဆီပိုများတဲ့အတွက် ကြော်ပြီးသွားတဲ့အခါ အရည်ပိုရွှမ်းပြီး ပိုစားကောင်းလို့ပါပဲ။

ဒါဆိုရင် ကြက်ပေါင်ကို ကြွပ်ကြွပ်ရွရွလေးနဲ့ အရည်ရွှမ်းနေအောင် ဘယ်လိုကြော်ရမလဲဆိုတာကို အတူတူလေ့လာကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • ကြက်ပေါင် ၆ တုံး၊ ၈ တုံးခန့်
  • ဆား အနည်းငယ်
  • ငရုတ်ကောင်းမှုန့် အနည်းငယ်
  • မြေပဲဆီ လက်ဖက်ရည်ဇွန်း ၃ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်ပေါင်များကို ဆား၊ ငရုတ်ကောင်းမှုန့်ဖြူးထည့်ကာ သမအောင် နယ်ထားပါ။

၂။ Oven မီးအပူဒဏ်ခံနိုင်သော ဒယ်အိုးကို ရိုးရိုးမီးဖိုပေါ်တွင် အပူပေးပြီး ဆီ လက်ဖက်ရည်ဇွန်း ၃ ဇွန်းထည့်ပါ။ ဆီပူလာပြီဆိုရင်တော့ ကြက်သားတုံးများကို အစီအရီထည့်ပြီး ၁၅ မိနစ်ခန့်ကြော်ပါ။

ကြက်အရေခွံကို ဒယ်အိုးအောက်ခြေဖြင့် ထိကပ်ပါ။ အသားများ အကျက်ညီဖို့ရန်အတွက် ယောင်းမဖြင့် မကြာခဏ လှုပ်ပေးပါ။

၃။ ပြီးတဲ့အခါမှာတော့ ထိုဒယ်အိုးကို ၄၂၅ ဒီဂရီဖာရင်ဟိုက် အပူပေးထားသော Oven ထဲသို့ ၁၅ မိနစ်ခန့် ထည့်ထားလိုက်ပါ။

၄။ သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ ကြက်သားတုံးများကို အခြားတစ်ဖက်သို့လှန်ပြီး နောက်ထပ် ၅ မိနစ်ခန့် Oven ထဲ ပြန်ထည့်ထားလိုက်ပါ။

သတ်မှတ်ချိန်ပြည့်သွားတဲ့အခါမှာတော့ အရည်ရွှမ်းရွှမ်းလေးနဲ့ စားလို့ကောင်းတဲ့ ကြက်သားကြော်လေး ရရှိသွားပါပြီ။

Source: Thespruceeats.com