အားလုံးပဲမင်္ဂလာပါနော်။ ကြာစွယ်ကြိုက်တဲ့သူတွေအတွက် ကြာစွယ်ကြော် ကြွပ်ကြွပ်လေး ဘယ်လိုလုပ်စားလို့ရမလဲဆိုတာ မျှဝေပေးချင်ပါတယ်နော်။
ပါဝင်ပစ္စည်း
- ကြာစွယ် အသေး တစ်လုံး
- ဆီ
မုန့်နှစ်လုပ်ရန်
- ကြက်သား (သို့) ဝက်သားတောက်တောက်စဉ်းအနည်းငယ်
- ဝိုင် အနည်းငယ်
- ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၂ ဇွန်း
- ရေ ၁/၄ ခွက်
- နှမ်းဆီ အနည်းငယ်
- ကော်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ငရုတ်ကောင်းမှုန့် အနည်းငယ်
- ကြက်သွန်မြိတ် ၁ ပင် (တောက်တောက်စဉ်းလိုက်ပါ)
- ဂျင်း ၂ ပြား (တောက်တောက်စဉ်းပါ)
မုန့်ကပ်ကြော်ရန်
- ဂျုံမှုန့် ခွက်၁/၄ပုံ
- ဆန်မှုန့် အချို (သို့) ကော်မှုန့် ခွက် ၁/၄ ပုံ
- ဆား အနည်းငယ်
- Five-Spice Powder (ဟင်းခတ်အမွှေးအကြိုက် (၅) မျိုးပေါင်း) အနည်းငယ်
- ရေ ခွက် ၁/၃ ပုံ
- ဘီယာ ခွက်၁/၄ ပုံ
ပြုလုပ်နည်း
အရင်ဆုံး အသားနဲ့ မုန့်နှစ်လုပ်မယ့် ပါဝင်ပစ္စည်းတွေကို ရောလိုက်ပါ။ သေချာနယ်ပေးလိုက်ပါ။
အဲဒီနောက် ကြာစွယ်ကိုအခွံနွှာပြီး ရေဆေးလိုက်ပါ။ ပြီးရင် မထူမပါးလေး လှီးပေးလိုက်ပါ။ အဲဒီနောက် ရေအေးအေးနဲ့ ဆေးချပေးလိုက်ပါ။
ကြာစွယ်နှစ်ချပ်ထဲကို မုန့်နှစ်လုပ်ဖို့လုပ်ထားတဲ့အသားတွေထည့်ပြီး ညှပ်လိုက်ပါ။
မုန့်ကပ်ကြော်ဖို့အတွက်ပါဝင်ပစ္စည်းတွေအားလုံးကိုရောလိုက်ပါ။ ပြီးရင်တော့ မုန့်နှစ်ထဲကို ကြာစွယ်နှစ်လိုက်ပြီးတော့ ဆီပူပူလေးနဲ့ ကြော်ပေးလိုက်ပါနော်။
မုန့်လေးကြွပ်ကြွပ်လေးဖြစ်သွားပြီဆိုရင်တော့ သုံးဆောင်လို့ရပါပြီနော်။
Source: www.thewoksoflife.com
By: MyFood Myanmar