အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ သံပုယိုသီးရဲ့အချဉ်ဓာတ်လေးနဲ့ အရသာရှိအောင် ချက်ပြုတ်ထားတဲ့ သံပုယိုသီး ကြက်သားဟင်း ပြင်ဆင်ချက်ပြုတ်နည်းကို MyFood Myanmar ရဲ့အစားအစာချစ်သူများအတွက် ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သား ၁ ပေါင်
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ကြက်သွန်ဖြူမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်သွန်နီမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်

  • ကြက်သွန်ဖြူ ၄ မြွှာ (ပါးပါးလှီးထားပါ)
  • ထောပတ်ခဲ တစ်ဝက်
  • သံပုယိုသီး တစ်လုံးနှင့် တစ်ခြမ်း (သံပုယိုသီး တစ်လုံးကို အရည်ညှစ်ထားပြီး ကျန်တစ်ခြမ်းကိုတော့ အခွံကို ဓားဖြင့် မွှန်းထားပါ)
  • ကြက်ပြုတ်ရည် စားပွဲတင်ဇွန်း ၅ ဇွန်း
  • နံနံပင် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သားတုံးများကို Slow Cooker ထဲ ထည့်ထားလိုက်ပါ။

ပန်းကန်လုံးတစ်လုံးထဲတွင် ကြက်ပြုတ်ရည်၊ သံပုယိုရည်၊ သံပုယိုခွံများကို သမအောင် ရောမွှေပြီးနောက် ကြက်သားတုံးပေါ် လောင်းထည့်ထားလိုက်ပါ။

၂။ အခြားပန်းကန်လုံးအသေးတစ်လုံးထဲတွင် ကြက်သွန်နီမှုန့်၊ ကြက်သွန်ဖြူမှုန့်၊ ငရုတ်သီးမှုန့်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် ရောမွှေပါ။ ထို့နောက် ကြက်သားပေါ် လောင်းထည့်လိုက်ပါ။

၃။ ကြက်သွန်ဖြူနှင့် ထောပတ်ခဲများကိုလည်း ကြက်သားတုံးပေါ် တင်ထားလိုက်ပါ။

၄။ Slow Cooker အဖုံးကို အုပ်ထားပြီးနောက် မီးအေးအေးဖြင့် ၆ နာရီမှ ၈ နာရီအထိ တည်ထားပါ (သို့) မီးပြင်းပြင်းဖြင့် ၃ နာရီမှ ၄ နာရီအထိ တည်ထားလိုက်ပါ။

၅။ သတ်မှတ်ချိန်ပြည့်ပါက ကြက်သားအိုးထဲသို့ နံနံပင်နှင့် သံပုယိုသီးစိပ်လေးများ ထည့်ထားလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ သံပုယိုသီး ကြက်သားဟင်းလေး ရရှိသွားပါပြီ။

Source: Eatwell101.com