အသီးအရွက်အစုံကို ထည့်သွင်းထားလို့ အရသာအစုံရရှိနိုင်ပြီး အမြင်မှာလည်း အရောင်အသွေးစုံလှပါတယ်။ ပေါ့ပါးတဲ့အရသာရှိလို့ သွေးတိုးရှိသူများလည်း ကြောက်စရာမလိုဘဲ စားသုံးနိုင်မှာဖြစ်ပါတယ်။
အချိန်သိပ်မကုန်ဘဲ မြန်မြန်ဆန်ဆန်ချက်ပြုတ်နိုင်လို့ အခုပဲချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
Salad အတွက်ပါဝင်ပစ္စည်းများ
- ဂေါ်ဖီထုပ် (ခြစ်ပြီးသား) – ၃ ခွက်စာ
- ခရမ်းရောင်ဂေါ်ဖီထုပ် (ခြစ်ပြီးသား) – ၃ ခွက်စာ
- မုန်လာဥနီ (အချောင်းလေးများလှီးပြီးသား) – ၂ ဥ
- ပဲပင်ပေါက် – ၃ ခွက်
- ကြက်သွန်မြိတ် – ၃ ပင်
- ကြက်သား (အသားနွှင်ပြီး) – ၂ ခွက်
- နံနံပင်၊ ပူစီနံ – အနည်းငယ်
- ကြက်သွန်နီ (ကြော်ပြီးသား)- အနည်းငယ်
အနှစ်အတွက် ပါဝင်ပစ္စည်းများ
- ဆန်ရှာလကာရည် – စားပွဲတင်ဇွန်း ၃ ဇွန်း
- ပဲငံပြာရည် – စားပွဲတင်ဇွန်း ၃ ဇွန်း
- ငံပြာရည် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- သံပုရာရည် – စားပွဲတင်ဇွန်း ၂ ဇွန်း
- ပဲဆီ – စားပွဲတင်ဇွန်း ၃ ဇွန်း
- သကြား – စားပွဲတင်ဇွန်း ၁ ဇွန်း နဲ့ နည်းနည်း
- ငရုတ်သီးစိမ်း (လှီးပြီးသား) – အနည်းငယ်
- ကြက်သွန်ဖြူ (လှီးပြီးသား) – ၂ မြွှာ
ပြင်ဆင်ချက်ပြုတ်ပုံအဆင့်ဆင့်
အနှစ်အတွက် ပါဝင်ပစ္စည်းအားလုံးကို ပုလင်းတစ်ခုထဲထည့်ပြီး သေချာလှုပ်ပေးပါ။
ကြက်သွန်ကြော်မှအပ အသုပ်အတွက် ပါဝင်ပစ္စည်းအားလုံးကိုလည်း ရောသမမွှေပါ။
အသုပ်အပေါ်မှ အနှစ်ကိုဆမ်းပေးပြီး သေချာနှံ့အောင်နယ်ပါ။
နှံ့သွားပြီဆိုရင် ကြက်သွန်ကြော်လေးတွေ အုပ်ပေးပြီး အရသာရှိရှိ စားသုံးပေးနိုင်ပါပြီ။