အားလုံးပဲ မင်္ဂလာပါ။ ကြက်သားကြော်ကြိုက်နှစ်သက်တဲ့ Foodies လေးတွေအတွက် ကြက်သားကြော် ကြွပ်ကြွပ်ရွရွလေးကြော်စားလို့ရမယ့် နည်းလမ်းလေးကို ဝေမျှပေးချင်ပါတယ်။ ပြုလုပ်နည်းအဆင့်ဆင့်ကလည်း သိပ်မများတာကြောင့် မိမိအိမ်မှာပဲ အလွယ်တကူကြော်စားလို့ရတာပေါ့။

ပါဝင်ပစ္စည်းများ

  • ကြက်ပေါင် ၅ တုံး
  • ပေါင်မုန့်အကြေအစများ ၇၅ ဂရမ်
  • ထောင်းထားသော မြေပဲမှုန့် ၁၀၀ ဂရမ်
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်

  • ကြက်ဥ ၁ လုံး
  • ခရမ်းချဉ်သီး ဆော့စ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဟင်းသီးဟင်းရွက်ဆီ ၆၀ မီလီလီတာခန့်
  • ငရုတ်သီးအရောင်တင်မှုန့်နှင့် ငရုတ်ကောင်းမှုန့်အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

အရင်ဦးဆုံး ကြက်ပေါင်တုံးများကို ရေစင်စင်ဆေးထားလိုက်ပါ။ ကြက်ဥ ၁ လုံးကို ခပ်ပြင်းပြင်းမွှေခလောက်ပေးပါ။ ထို့နောက် မွှေခလောက်ထားသော ကြက်ဥထဲသို့ ခရမ်းချဉ်သီးဆော့နဲ့ ဆားများ ထည့်ပြီး ထပ်မံမွှေခလောက်ပေးပါ။

နောက်တစ်ဆင့်အနေနဲ့ ပေါင်မုန့်အကြေအစများကို ထောင်းထားသောမြေပဲမှုန့်၊ ငရုတ်သီး အရောင်တင်မှုန့်၊ ငရုတ်ကောင်းမှုန့်နဲ့ ဆားတို့ထည့်ပြီး သမအောင် မွှေပေးလိုက်ပါ။

ကြက်သားကို မွှေခလောက်ထားသော ကြက်ဥထဲသို့ နှစ်ထည့်လိုက်ပါ။ပြီးနောက် မြေပဲမှုန့်များနဲ့ ကြက်သားတစ်တုံးလုံးကို ကပ်သွားအောင် ပြုလုပ်လိုက်ပါ။

ထို့နောက် ဒယ်အိုးထဲထည့်ပြီး ဆီပူပူနဲ့ ကြော်ပေးလိုက်မယ်ဆိုရင်တော့ ကြွပ်ကြွပ်ရွရွလေးနဲ့ စားလို့ကောင်းတဲ့ ကြက်သားကြော်လေးရရှိသွားပြီပေါ့။

ခရမ်းချဉ်သီးဆော့စ်၊ ငရုတ်သီးဆော့စ်တို့နဲ့ တို့စားပြီး အာလူးကြော်လေးနဲ့ပါ တွဲဖက်စားသောက်မယ်ဆိုရင်တော့ ဆွေမျိုးမေ့သွားမှာ အမှန်ပါပဲ။

Source: Zoomyummy.com