ပုဇွန်ဆိုရင် ချက်စားတာနဲ့ ကြော်ချက်စားတာလောက်ပဲ လုပ်ကြတာများပါတယ်။ ဒါကြောင့် အိမ်ရှင်မတွေအတွက် အပြောင်းအလဲလေးဖြစ်သွားအောင် ပုဇွန်ကို ကြွပ်ကြွပ်လေးနဲ့ အရသာရှိအောင်ကြော်ရမယ့် နည်းလမ်းလေးကို မျှဝေပေးလိုက်ပါတယ်။

စတင်ပြုလုပ်ဖို့အတွက် သန့်စင်ပြီးအအေးခံထားတဲ့ ပုဇွန် – တစ်ပေါင်ကို ပန်းကန်လုံးထဲထည့်ပြီး ရေထည့်ကာဆေးပေးပါ။ ပြီးရင်တော့ ရေခြောက်အောင်လုပ်ပါ။

နောက်တစ်ဆင့်အနေနဲ့ ဆန်မှုန့်ထည့်ထားတဲ့ပန်းကန်ထဲထည့်ကာ နယ်ပေးပါ။ သေချာနယ်ပြီးရင်တော့ ဆီအိုးထဲထည့်ကြော်လို့ရပါပြီ။ ဆီများများနဲ့ကြော်ပေးဖို့တော့ လိုပါတယ်။ မွှေးမွှေးလေးဖြစ်ချင်ရင်တော့ ကြက်သွန်နဲ့ဆီသက်ပြီးမှ ပုဇွန်ထည့်ကြော်ပါ။

ဒယ်အိုးထဲကို ဆီမထည့်ပဲ မီးဖိုပေါ်တင်ပါ။ ပြီးရင်တော့ ပါးပါးလှီးထားတဲ့ဂျင်း – စားပွဲတင်ဇွန်း ၂ ဇွန်းစာနဲ့ ငရုပ်သီးမှုန့် – လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာထည့်မွှေပါ။ ပြီးရင်တော့ ခုနကကြော်ထားတဲ့ပုဇွန်တွေကို ထည့်မွှေပါ။ ဆား – လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ ငရုပ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၂ ဇွန်းထည့်မွှေပါ။

သမအောင်သေချာမွှေပြီးတာနဲ့ ပန်းကန်ထဲထည့်ပြီး အချဉ်နဲ့တို့စားလို့လည်းရသလို၊ ထမင်းနဲ့လည်း တွဲဖက်စားသုံးနိုင်ပါတယ်။ အပြောင်းအလဲလေးဖြစ်ချင်ရင်တော့ ဒီလိုလေးတွေလည်း လုပ်စားကြည့်သင့်ပါတယ်။

Photo Source: www.tasty.com