(Unicode)
မိမိအားလပ်ရက်လေးမှာ အရသာရှိတဲ့ အစားအစာများ ချက်ပြုတ်စားသုံးချင်သူများအတွက် ဒီတစ်ခါမှာတော့ အရသာရှိတဲ့ ကြက်တောင်ပံအချိုကြော် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်တောင်ပံ ၁ ပေါင်ခန့်
- ကြက်သွန်မြိတ် ၁ စည်း (ကြက်သွန်မြိတ် ၄ ပုံ ၃ ပုံကို တစ်လက်မအရှည် လှီးဖြတ်ထားပြီး ကျန် ၄ ပုံ ၁ ပုံကိုတော့ ပါးပါးလှီးထားပါ)
- ဂျင်း ၅ ပြား
- ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း၊ ပဲငံပြာရည် အနောက်နှင့် ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၂ ဇွန်းစီ
- သကြား စားပွဲတင်ဇွန်း ၄ ဇွန်း
ပြုလုပ်နည်း အဆင့်ဆင့်
၁။ အိုးအကြီးတစ်လုံးထဲသို့ ရေအေး တစ်လီတာခန့်ထည့်ပြီးနောက် ကြက်တောင်ပံများထည့်ကာ ပွက်ပွက်ဆူလာအောင် တည်လိုက်ပါ။
၂။ ထို့နောက် ကြက်တောင်ပံများကို ဆယ်ယူပြီးနောက် ရေဖြင့် ထပ်မံဆေးကြော်လိုက်ပါ။ ကြက်ပြုတ်ရည်ကိုတော့ ပြန်လည်အသုံးပြုဖို့ရန်အတွက် ထားထားလိုက်ပါ။
၃။ အိုးတစ်လုံးကို အပူပေးပြီး ကြက်တောင်ပံများထည့်ကြော်လိုက်ပါ။ ပြီးမှ ဟင်းသီးဟင်းရွက်ဆီ၊ ဂျင်းနှင့် ကြက်သွန်မြိတ်တို့ထည့်ပြီး ၅ မိနစ်ခန့် ကြော်ပေးလိုက်ပါ။
၄။ ပဲငံပြာရည်အကြည်နှင့် အနောက်တို့ကိုထည့်ပြီး ၂ မိနစ်ခန့် ဆက်ကြော်ပေးလိုက်ပါ။
၅။ ထို့နောက် ကြက်ပြုတ်ရည်ကို အိုးထဲလောင်းထည့်ပြီး ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။
၆။ ပွက်ပွက်ဆူလာပါက သကြားထည့်ပြီး သကြားများပျော်သွားအောင် မကြာခဏမွှေပေးလိုက်ပါ။
၇။ အိုးထဲက ရေများ ပျစ်သွားသည်အထိ တည်ထားလိုက်ပါ။ ရရှိလာတဲ့ ကြက်တောင်ပံများကို ပန်းကန်ပြားထဲ ပြောင်းထည့်ပြီးနောက် ပါးပါးလှီးထားသော ကြက်သွန်မြိတ်တို့ ဖြူးထည့်လိုက်ပါ။
အရသာရှိတဲ့ ကြက်တောင်ပံအချိုကြော်ကို အအေးနဲ့အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။
Source: Spicetheplate.com
(Zawgyi)
မိမိအားလပ္ရက္ေလးမွာ အရသာရွိတဲ့ အစားအစာမ်ား ခ်က္ျပဳတ္စားသုံးခ်င္သူမ်ားအတြက္ ဒီတစ္ခါမွာေတာ့ အရသာရွိတဲ့ ၾကက္ေတာင္ပံအခ်ိဳေၾကာ္ ျပဳလုပ္နည္းကို ေဝမွ်ေပးခ်င္ပါတယ္။
ပါဝင္ပစၥည္းမ်ား
- ၾကက္ေတာင္ပံ ၁ ေပါင္ခန္႔
- ၾကက္သြန္ၿမိတ္ ၁ စည္း (ၾကက္သြန္ၿမိတ္ ၄ ပံု ၃ ပံုကို တစ္လက္မအရွည္ လွီးျဖတ္ထားၿပီး က်န္ ၄ ပံု ၁ ပံုကိုေတာ့ ပါးပါးလွီးထားပါ)
- ဂ်င္း ၅ ျပား
- ဟင္းသီးဟင္းရြက္ဆီ စားပြဲတင္ဇြန္း ၁ ဇြန္း၊ ပဲငံျပာရည္ အေနာက္ႏွင့္ ပဲငံျပာရည္အၾကည္ စားပြဲတင္ဇြန္း ၂ ဇြန္းစီ
- သၾကား စားပြဲတင္ဇြန္း ၄ ဇြန္း
ျပဳလုပ္နည္း အဆင့္ဆင့္
၁။ အိုးအႀကီးတစ္လံုးထဲသို႔ ေရေအး တစ္လီတာခန္႔ထည့္ၿပီးေနာက္ ၾကက္ေတာင္ပံမ်ားထည့္ကာ ပြက္ပြက္ဆူလာေအာင္ တည္လိုက္ပါ။
၂။ ထို႔ေနာက္ ၾကက္ေတာင္ပံမ်ားကို ဆယ္ယူၿပီးေနာက္ ေရျဖင့္ ထပ္မံေဆးေၾကာ္လိုက္ပါ။ ၾကက္ျပဳတ္ရည္ကိုေတာ့ ျပန္လည္အသံုးျပဳဖို႔ရန္အတြက္ ထားထားလိုက္ပါ။
၃။ အိုးတစ္လံုးကို အပူေပးၿပီး ၾကက္ေတာင္ပံမ်ားထည့္ေၾကာ္လိုက္ပါ။ ၿပီးမွ ဟင္းသီးဟင္းရြက္ဆီ၊ ဂ်င္းႏွင့္ ၾကက္သြန္ၿမိတ္တို႔ထည့္ၿပီး ၅ မိနစ္ခန္႔ ေၾကာ္ေပးလိုက္ပါ။
၄။ ပဲငံျပာရည္အၾကည္ႏွင့္ အေနာက္တို႔ကိုထည့္ၿပီး ၂ မိနစ္ခန္႔ ဆက္ေၾကာ္ေပးလိုက္ပါ။
၅။ ထို႔ေနာက္ ၾကက္ျပဳတ္ရည္ကို အိုးထဲေလာင္းထည့္ၿပီး ပြက္ပြက္ဆူလာေအာင္ တည္ထားလိုက္ပါ။
၆။ ပြက္ပြက္ဆူလာပါက သၾကားထည့္ၿပီး သၾကားမ်ားေပ်ာ္သြားေအာင္ မၾကာခဏေမႊေပးလိုက္ပါ။
၇။ အိုးထဲက ေရမ်ား ပ်စ္သြားသည္အထိ တည္ထားလိုက္ပါ။ ရရွိလာတဲ့ ၾကက္ေတာင္ပံမ်ားကို ပန္းကန္ျပားထဲ ေျပာင္းထည့္ၿပီးေနာက္ ပါးပါးလွီးထားေသာ ၾကက္သြန္ၿမိတ္တို႔ ျဖဴးထည့္လိုက္ပါ။
အရသာရွိတဲ့ ၾကက္ေတာင္ပံအခ်ိဳေၾကာ္ကို အေအးနဲ႔အရသာရွိရွိ သံုးေဆာင္ႏိုင္ပါၿပီ။
Source: Spicetheplate.com