နေ့လည်ခင်း အဆာပြေကို ကြံဖန်ပြီး ချဉ်ငန်စပ်လည်းဖြစ်တဲ့ သခွာသီးနှင့် မုန့်ဖတ်ထောင်း စပ်စပ်လေးကို လုပ်စားဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သခွာသီး – အနေတော် တလုံး
  • မုန့်ဖတ် – သင့်တော်သလောက်
  • မြေပဲလှော် – အစေ့၁၀စေ့ခန့်
  • သံပုရာသီး – ၁ လုံး
  • ခရမ်းချဉ်သီး – ၂ လုံး
  • ကြက်သွန်ဖြူ – အနည်းငယ်
  • ပုဇွန်ခြောက် – အနည်းငယ်
  • မကျည်းဖျော်ရည် – အနည်းငယ်
  • ငရုတ်သီး – အနည်းငယ် (ချိန်ဆထည့်ပါ)
  • ပုဇွန် – ငံပြာရည်
  • ဂဏန်းငါးပိ – အနည်းငယ် (မရှိပါက ငါးပိ ရိုးရိုး ကြိုပြီး ထည့်ပါ)
  • ဟင်းချိူမှုန့်
  • ထန်းလျက်ရည် – အနည်းငယ်

ပြင်ဆင်ပြုလုပ်နည်း

  1. ငရုတ်ဆုံ သန့်သန့် ထဲသို့ ငရုတ်သီး အနည်းငယ် နှင့် ပုဇွန်ခြောက်အနည်းငယ်ကို ထည့်ပြီး ထောင်းပါ။ ငရုတ်သီးကို ၄ စိတ် ကွဲရုံ အနည်းငယ် ထောင်းပြီးသည်နှင့် ကြက်သွန်ဖြူ ၊ မြေပဲလှော်တို့ကို ထည့်ထောင်းပါ ။
  2. သခွါသီးကို ဖင်ပိုင်းဖြတ်ပြီး အချောင်းလေးများဖြစ်အောင် ဓားဖြင့်ပေါက်ထည့်ပါ ။ ခရမ်းချဉ်သီး လှီးထည့်ပါ ။
  3. ထန်းလျက်ရည် အနည်းငယ် ထည့်ပါ ။ အချိူ မကြိုက်သူများ မထည့်လည်း ရပါတယ် ။
  4. မန်ကျည်းရည် ဟင်းခတ် ဇွန်း ၂ ဇွန်း ထည့်ပါ ။
  5. ငံပြာရည် ၁ ဇွန်း ၊ အချိူ မှုန့် အနည်းငယ် ၊ ငါးပိ နှင့် ပုဇွန်ခြောက် အနည်းငယ် တို့ကို အချိူးကျ ပေါင်းစပ်ပြီး သံပုရာသီး လှီးထည့်၍ မုန့်ဖတ်(စားနိုင်သလောက်)ကိုထည့်ပြီး အနည်းငယ် ထောင်းလိုက်ပါက အရသာရှိလှတဲ့ သခွါသီး မုန့်ဖတ်ထောင်းရပါပြီ ။

** ကြေညက်အောင် မထောင်းရပါ ။ အရသာကို မိမိ စိတ်ကြိုက် ပြင်ဆင် သုံးဆောင်နိုင်ပါသည်။

MyFood Myanmar