အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အာလူးကို အလုံးလိုက်ကြော်ထားတဲ့ အာလူးလုံးကြော် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။ အာလူးချစ်သူများအားလုံး အကြိုက်တွေ့မယ်လို့ မျှော်လင့်မိပါတယ်။

ပါဝင်ပစ္စည်းများ

• အာလူး ၃ လုံး
• ကြက်သွန်ဖြူ ၁ ဥ (ပါးပါးလှီးထားပါ)နှင့် ငရုတ်သီး ၃ တောင့် (ပါးပါးလှီးထားပါ)
• ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
• ဆားနှင့် ငရုတ်ကောင်းမှုန့် စားပွဲတင်ဇွန်း တစ်ဝက်စီ
• ဇီရာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းနှင့် ပူစီနံရွက် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အိုးတစ်လုံးထဲသို့ ရေထည့်ပြီး အာလူးများကို ၁၅ မိနစ်ခန့် ပြုတ်ပေးလိုက်ပါ။

၂။ အာလူးများ မနူးတနူးအချိန်တွင် ဆယ်ယူပြီးနောက် အအေးခံကာ အခွံခွာထားလိုက်ပါ။

၃။ ထို့နောက် အာလူးများကို အလျားလိုက် ထက်ခြမ်းခြမ်းလိုက်ပါ။

၄။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း တစ်ဇွန်းထည့်ကာ ပါးပါးလှီးထားသော ကြက်သွန်ဖြူ တစ်ဝက်ခန့်ထည့်ပြီး ၂ မိနစ်ခန့် ဆီသတ်ပေးလိုက်ပါ။

၅။ ဒယ်အိုးကို မီးအပူချိန်လျော့ပေးလိုက်ပြီးနောက် အာလူးများကို ၁၀ မိနစ်ခန့် ကြော်ပေးရပါမယ်။ အာလူးများ ရွှေညိုရောင် ပြောင်းသွားပါက အာလူးနှင့် ကြက်သွန်များကို ပန်းကန်ထဲ ပြောင်းထည့်လိုက်ပါ။

၆။ ထိုဒယ်အိုးထဲသို့ ဆီ စားပွဲတင်ဇွန်း တစ်ဇွန်းထပ်ထည့်ပါ။ ကျန်ရှိနေသာ ကြက်သွန်ဖြူ တစ်ဝက်၊ ငရုတ်သီး၊ ဇီရာမှုန့်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး ၂ မိနစ်ခန့် မွှေပေးလိုက်ပါ။ ထို့နောက် စောစောက ကြော်ထားသော အာလူးနှင့် ကြက်သွန်များကို အိုးထဲပြန်ထည့်ပြီးနောက် သမအောင် မွှေပေးလိုက်ပါ။ ပူစီနံရွက်များ ထည့်ပြီး ၂ မိနစ်ခန့် ထပ်ကြော်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အနံ့လည်း မွှေးပြီး အရသာလည်းရှိတဲ့ အာလူးလုံးကြော်လေးကို အရသာရှိရှိ စားသုံးနိုင်ပါပြီ။

Source: Spicetheplate.com