အားလူချောင်းကြော်ကိုလူကြိုက်များသလို ဒီတစ်ခါမှာတော့ ခရမ်းသီးချောင်းကြော်လေး ကြော်စားရအောင်ပါ။ ခရမ်းသီးကို အချောင်းလိုက်လှီးပြီး ကြွပ်ကြွပ်လေးကြော်စားရအောင်နော်။

ပိတ်ရက်မှာ မိသားစုတွေနဲ့ အတူတူ မျှဝေစားသောက်ရင်း ရင်ထဲက မေတ္တတရားကိုပြသနိုင်ပါတယ်။

ပါဝင်ပစ္စည်း

445477038_1df0d7b56e

ခရမ်းသီး ၁ လုံး (သို့) ၂ လုံး (ရေဆေးပြီးအချောင်းလိုက်လှီးပါ)

cooking_oil_2375123b

ဆီ

IMG_0839

ဆန်မှုန့် ၁ ခွက်

Mild-Curry-Powder

နနွင်းမှုန့် အနည်းငယ် (မထည့်ချင်လည်းရပါတယ်)

250px-Garammasalaphoto

မာဆလာလက်ဖက်ရည်ဇွန်း ၁ဇွန်း

salt

ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

eggplant-fries

အချောင်းလိုက်လှီးထားတဲ့ ခရမ်းသီးကို ရေခဲရေနဲ့ ၂ နာရီလောက်စိမ်ထားပါ။

ဆီကို များများထည့်ပြီး မီးအနေတော်နဲ့အပူပေးပါ။

အဲဒီလိုဆီအပူပေးနေတဲ့အချိန်မှာ ဆန်မှုန့်၊ နနွင်းမှုန့်၊ မာဆလာနဲ့ ဆားကို နယ်လိုက်ပါ။

ပြီးရင် ရေစိမ်ထားတဲ့ ခရမ်းသီးချောင်းကို ဆန်မှုန့်နစ်ထဲနစ်လိုက်ပြီး ဆီပူပူထဲမှာထည့်ကြော်ပေးပါ။

၃ မိနစ်လောက်ဆိုရင် ရပါပြီ။ ပြီးရင် ဆီစုပ်တဲ့စက္ကူထဲထည့်ထားပါ။

ပူပူလေးစားသုံးနိုင်ပါပြီနော်။