အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ငါးဟင်းကြိုက်နှစ်သက်သူတွေ သွားရေယိုစေမယ့် ငါးအသားလုံးဟင်း ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

Source : Yyfood.co.nz

• အသင့်စား ငါးအသားလုံး (သို့) ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်ထားသော ငါးအသားလုံး ၂၅ လုံးခန့်
• ကြက်သွန်နီ ၂ ဥ (ပါးပါးလှီးထားပါ)
• ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း တစ်ဇွန်းနှင့် ခရမ်းချဉ်သီးအနှစ် စားပွဲတင်ဇွန်း ၈ ဇွန်းခန့်
• နွားနို့ (သို့) အုန်းနို့ ၂၅၀ မီလီလီတာ
• ရေ (သို့) အသားပြုတ်ရည် ၂၅၀ မီလီလီတာ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း တစ်ဇွန်းထည့်လိုက်ပါ။ ဆီပူလာပါက ကြက်သွန်နီထည့်ပြီး ဆီသတ်လိုက်ပါ။

၂။ ထို့နောက် အိုးထဲသို့ ခရမ်းချဉ်သီးအနှစ်ထည့်လိုက်ပါ။ ခရမ်းချဉ်သီးအနှစ်များ ပျော်ဝင်သွားပါက နွားနို့လောင်းထည့်လိုက်ပါ။ ထို့နောက် အိုးထဲသို့ ရေလောင်းထည့်လိုက်ပါ။ ငါးအသားလုံးများ ထည့်လိုက်ပြီး ၁၀ မိနစ်ခန့် ပွက်ပွက်ဆူလာအောင် တည်လိုက်ပါ။

၃။ ဟင်းအိုးက ပွက်ပွက်ဆူလာပါက မီးပိတ်လိုက်ပြီးနောက် ပန်းကန်ထဲပြောင်းထည့်ကာ ထမင်းဖြင့် အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Chinasichuanfood.com