အားလုံးပဲ မင်္ဂလာပါ။ ပူတင်းကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ကြက်ဥပူတင်းပေါင်မုန့် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပေါင်မုန့် ၁၆ အောင်စ
  • နွားနို့ စားပွဲတင်ဇွန်း ၄၈ ဇွန်း
  • Heavy ခရင်မ် စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • ကြက်ဥ ၇ လုံး
  • ဗနီလာ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • သကြား စားပွဲတင်ဇွန်း ၂၀ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပေါင်မုန့်များကို ၁ လက်မခွဲပတ်လည် အတုံး တုံးထားပါ။

၂။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် နွားနို့၊ Heavy ခရင်မ်၊ ကြက်ဥ ၇ လုံး၊ ဗနီလာ၊ သကြားတို့ထည့်ကာ သမအောင် မွှေခလောက်ပေးလိုက်ပါ။

၃။ ရရှိလာတဲ့ နွားနို့ ကြက်ဥအရောအနှောကို လင်ဗန်းထဲ လောင်းထည့်လိုက်ပါ။ ထို့နောက် ပေါင်မုန့်များ ထည့်လိုက်ပါ။ ပေါင်မုန့်များက နွားနို့ရည်များကို စုပ်ယူသွားပါလိမ့်မယ်။

၄။ ထိုလင်ဗန်းကို လုံအောင်အုပ်ထားပြီးနောက် ရေခဲသေတ္တာထဲတွင် အနည်းဆုံး ၂ နာရီမှ တစ်ညတာအထိ အအေးခံထားလိုက်ပါ။

၅။ သတ်မှတ်ချိန်ပြည့်ပါက Oven ကို ၃၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားလိုက်ပါ။

၆။ ထို့နောက် လင်ဗန်းကို ရေခဲသေတ္တာထဲက ထုတ်ပြီး ခဲဖတ်ဖြင့် လုံအောင် ထပ်အုပ်ပါ။ ထိုလင်ဗန်းကို ဒယ်အိုးအကြီးထဲ ထည့်ပါ။ ထိုဒယ်အိုးထဲသို့ လင်ဗန်းတစ်ဝက်ခန့် မြှုပ်သွားသည်အထိ ရေထည့်ပါ။ ပြီးရင်တော့ Oven ထဲတွင် ၁ နာရီခွဲခန့် ထည့်ဖုတ်ထားလိုက်ပါ။

၇။ သတ်မှတ်ချိန်ပြည့်ပါက အရသာရှိတဲ့ ကြက်ဥပူတင်းပေါင်မုန့်လေး ရရှိသွားပါပြီ။

မိမိနှစ်သက်ရာသစ်သီးလေးများဖြင့် အလှဆင်ကာ အရသာရှိရှိ သုံးဆောင်နိုင်ပါတယ်။

Source: Drivemehungry.com