အားလုံးပဲ မင်္ဂလာပါ။ သင်္ဘောသီးထောင်းစပ်စပ်လေး ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ဗားရှင်းတစ်မျိုးပြောင်းပြီး အရသာသစ်တစ်မျိုးမြည်းစမ်းကြည့်လို့ရနိုင်မယ့် သင်္ဘောသီးကြော် ပဲတောင့်ရှည်သုပ် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

• သင်္ဘောသီး ၁၀၀ ဂရမ် (အချောင်းလိုက် ပါးပါးလှီးထားပါ)
• မြေပဲ ၂၀ ဂရမ်နှင့် ပုဇွန်ခြောက် ၂၀ ဂရမ်
• ပြောင်းမှုန့် ၄၀ ဂရမ်
• ပဲတောင့်ရှည် ၂၀ ဂရမ် (၃ စင်တီမီတာခန့် လှီးဖြတ်ထားပါ)
• ခရမ်းချဉ်သီး ၃ လုံး

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးတစ်လုံးထဲတွင် ပြောင်းမှုန့်ထည့်ထားပြီးနောက် အချောင်းလိုက် လှီးဖြတ်ထားသော သင်္ဘောသီးများကို ပြောင်းမှုန့်ဖြင့် နယ်ဖတ်ပေးလိုက်ပါ။

၂။ ငရုတ်ဆုံထဲတွင် ပုစွန်ခြောက်၊ ကြက်သွန်ဖြူနှင့် ငရုတ်သီးတောင့်တို့ထည့်ပြီး ညှက်နေအောင် ထောင်းထားလိုက်ပါ။ ငါးငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်းလောင်းထည့်ပြီးနောက် ထပ်မံထောင်းပေးလိုက်ပါ။

၃။ ထို့နောက် ငရုတ်ဆုံထဲသို့ ပဲတောင့်ရှည်နှင့် မြေပဲတို့ထည့်ပြီး ညှက်နေအောင် ထပ်ထောင်းပေးပါ။ ပြီးရင်တော့ ပန်းကန်လုံးထဲ ခပ်ထည့်ပြီးနောက် သံပုယိုရည်ဆမ်းထည့်ကာ နယ်ပေးလိုက်ပါ။

၄။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ကာ ဆီပူလာပါက သင်္ဘောသီးချောင်းများကို ၁ မိနစ်၊ ၂ မိနစ်ခန့် ထည့်ကြော်ပေးလိုက်ပါ။

၅။ သင်္ဘောသီးများ ရွှေညိုရောင်ပြောင်းသွားပါက ပန်းကန်ပြားထဲသို့ ဆယ်ယူပြီးနောက် စောစောက ညှက်နေအောင် ထောင်းထားသော ပုစွန်ခြောက် ပဲတောင့်ရှည်တို့ဖြင့် သမအောင် ရောနယ်ပေးလိုက်ပါ။ ပြီးရင်တော့ ပါးပါးလှီးထားသော ခရမ်းချဉ်သီးများထည့်ကာ ထပ်မံနယ်ဖတ်ပေးလိုက်ပါ။ အားလုံးပြီးသွားရင်တော့ အရသာအပေါ့အငန်မြည်းကြည့်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အနံ့အရသာအားလုံးပြီးပြည့်စုံတဲ့ သင်္ဘောသီးကြော် ပဲတောင့်ရှည်သုပ်ကို အားရပါးရသုံးဆောင်နိုင်ပါပြီ။

Source: Asianfoodchannel.com