အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ ချိစ်ညှပ် ဝက်သားပြားကြော် ကြော်နည်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမေရိကန်ချိစ်ပြား ၂ ပြား (တစ်ဝက်စီ ဝက်ထားပါ)
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဂျုံမှုန့် ၁၂၈ ဂရမ်

  • အရိုးမပါသော ဝက်မိုးခိုသား ၂ တုံး (လက်မထက်အထူခန့် လှီးဖြတ်ထားပါ)
  • ပေါင်မုန့်အကြေအစများ ၁၂၈ ဂရမ်
  • ကြက်ဥ ၂ လုံး (မွှေခလောက်ထားပါ)
  • မြေပဲဆီ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဝက် မိုးခိုသားကို လက်မဝက်အထူ၊ ငါးလက်မအရှည်ခန့် လှီးဖြတ်ပြီးတဲ့နောက်မှာတော့ ဝက်သားကို အလယ်တည့်တည့်ကနေ ထက်ခြမ်းခြမ်းကာ ဟထားလိုက်ပါ။ (အဆုံးထိလှီးဖြတ်စရာမလိုပါဘူး။ ချိစ်ပြား ထည့်ရုံအတွက်ထက်ခြမ်းခြမ်းပေးရခြင်းပဲဖြစ်ပါတယ်။)

၂။ ဝက်သားပြားပေါ်ကို ပလပ်စတစ်ဖြင့် အုပ်ထားပြီးနောက် အသားထောင်းသောအတုံးဖြင့် ပြားနေအောင် ထုထောင်းပေးလိုက်ပါ။

၃။ ဝက်သားပြား တစ်ဝက်ကို ဆား၊ ငရုတ်ကောင်းမှုန့် ဟင်းချက်ဝိုင်တို့ဖြင့် သုတ်လိမ်းပြီးတဲ့နောက်မှာ ၁၅ မိနစ်ခန့် သိပ်ထားလိုက်ပါ။ ၁၅ မိနစ်ပြည့်မှ ချိစ်ပြားကို ဝက်သားတစ်ခြမ်းပေါ်တင်ကာ ကျန်တစ်ခြမ်းကို မူလပုံစံအတိုင်းဖြစ်သွားအောင် ပိတ်ပေးလိုက်ပါ။

၄။ ချိစ်ထည့်ထားပြီးသားဝက်သားပြားကို ဂျုံမှုန့်ဖြင့် ကပ်ပေးပြီးနောက်မှာ ကြက်ဥထဲ နှစ်ထည့်လိုက်ပါ။ ထို့နောက် ပေါင်မုန့်အကြေအစများဖြင့် ကပ်ပေးလိုက်ပါ။

၅။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ကာ ဝက်သားပြားများကို ၂ မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ၂ မိနစ်ပြည့်ပါက ဇကာပေါက်ဇွန်းဖြင့် ဆီမပါအောင် ဝက်သားပြားများကို ဆယ်ယူလိုက်ပါ။ ထို့နောက် ဆီစုပ်စက္ကူပေါ်တွင် ၃ မိနစ်၊ ၄ မိနစ်ခန့် ဆီစစ်ထားလိုက်ပါ။

၆။ ဝက်သားပြားက ကြွပ်ရွနေဖို့အတွက် ဆီပူထဲတွင် ဝက်သားပြားတစ်ခြမ်းစီကို စက္ကန့် ၃၀ ခန့် ကြော်ပေးရပါမယ်။

ဒါဆိုရင်တော့ အရသာရှိတဲ့ ချိစ်ညှပ် ဝက်သားပြားကြော်လေး ရရှိသွားပါပြီ။ စားခါနီကျမှ ပန်းကန်ထဲထည့်ပြီးနောက် တစ်လက်မအထူခန့်လှီးဖြတ်ကာ အရသာရှိရှိ စားသုံးနိုင်ပါပြီ။

Source: Spicetheplate.com