ဆေးပညာရှုထောင့်အရ ကြည့်မယ်ဆိုရင် နနွင်းမှုန့်က အင်မတန်မှ အသုံးဝင်တဲ့ ဆေးဖက်ဝင် ဟင်းခပ်မှုန့်တစ်မျိုးပဲဖြစ်ပါတယ်။ ရှေးခေတ်က တရုတ်လူမျိုးများနဲ့ အိန္ဒိယလူမျိုးများက နနွင်းမှုန့်ကို ဆေးဘက်ဝင်ပစ္စည်းတစ်မျိုးအဖြစ် အသုံးပြုနေကြတာပဲဖြစ်ပါတယ်။

ဒါ့အပြင် အဝတ်အထည်များ ဆေးဆိုးတဲ့အခါမှာလည်း နနွင်းမှုန့်ကို အသုံးပြုကြတယ်လို့ သမိုင်းမှတ်တမ်းမှတ်ရာများအရ သိရှိနိုင်ပါတယ်။

နနွင်းမှုန့်ကို ဖျော်ရည်အဖြစ် ဖျော်သောက်မယ်ဆိုရင် ရောင်ရမ်းမှုကို လျော့ချပေးခြင်းနဲ့ ကင်ဆာရောဂါ တိုက်ဖျက်ပေးခြင်း စတဲ့ အကျိုးကျေးဇူးများကို ရရှိနိုင်ပါတယ်။ ဒါပေမဲ့ နနွင်းမှုန့်ကို သူ့ချည်းပဲ သောက်မယ်ဆိုရင် အနံ့ရော အရသာရော ဆိုးဝါးလွန်းတာကြောင့် အရသာရှိတဲ့ ဖျော်ရည်တစ်ခွက်အဖြစ်သောက်သုံးလိုသူများအတွက် ဆေးဖက်ဝင် နနွင်းမှုန့် ဖျော်ရည်ပြုလုပ်နည်းလေးကို ဝေမျှပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • မုန်လာဥနီ ၅ လုံး
  • ပန်းသီး ၁ လုံး
  • ပါးပါးလှီးထားသာ ဂျင်း တစ်ပြား
  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံခန့်

ပြုလုပ်နည်း အဆင့်ဆင့်

ပန်းသီးကို ရေဆေးပြီး အခွံခွာကာ အတုံးခပ်သေးသေး တုံးထားပါ။ မုန်လာဥနီကိုလည်း ရေဆေးပြီး အခွံခွာကာ ပါးပါးလှီးထားပါ။

ဖျော်စက်ထဲသို့ ပန်းသီး၊ မုန်လာဥနီ၊ ဂျင်း၊ နနွင်းမှုန့်တို့ ထည့်ပြီးနောက် ရေအနည်းငယ်ထည့်ပြီး ဖျော်လိုက်ပါ။

ရရှိလာတဲ့ဖျော်ရည်ကို ဖန်ခွက်ထဲထည့်ပြီးနောက် အရသာရှိရှိသောက်သုံးလိုက်ပါ။ အာဟာရဓာတ်များ ပြည့်ဝစွာရရှိနိုင်ဖို့ရန်အတွက် ဖျော်ပြီးပြီးချင်းပဲ ချက်ချင်းသောက်သုံးလိုက်ပါ။

Source: thespruceeats.com