အားလုံးပဲ မင်္ဂလာပါ။ ထမင်းကြော်ကြိုက်နှစ်သက်တဲ့ အစားဝါသနာအိုးလေးတွေ အတွက် ဒီတစ်ခါမှာတော့ ကိုရီးယားကင်ချီထမင်းကြော်ကို အိမ်မှာပဲ အလွယ်တကူကြော်စားလို့ရမယ့် ကြောလှော်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ထမင်းကြော်ကြာချိန်က ၁၀ မိနစ်ပဲ ကြာမှာဆိုတော့ မနက်စာပြင်ဆင်ဖို့အချိန်မရမှာလည်း ပူစရာမလိုတော့ဘူးပေါ့။ ဗိုက်ဆာတဲ့အချိန်ဆိုရင်လည်း ထကြော်လိုက်ရုံနဲ့ အချိန်တိုအတွင်း ပြင်ဆင်လို့ပြီးသွားမှာပါ။

ဒါဆိုရင် လိုအပ်မယ့် ပါဝင်ပစ္စည်းလေးတွေကို အရင်ကြည့်လိုက်ရအောင်။

ဆီအနည်းငယ်၊ ကြက်သွန်ဖြူ နှစ်မွှာ၊ ပြားအောင် ထောင်းထားတဲ့ ချင်း စားပွဲတင်ဇွန်းတစ်ဇွန်း၊ ထမင်းတစ်ပန်းကန် (မိမိစားနိုင်မယ့် ပမာဏခန့်)၊ ပဲလုံးစိမ်းနဲ့ ပါးပါးလှီးထားသောမုန်လာဥနီ ပန်းကန်လုံးတစ်လုံးစာ၊ ကြက်ဥသုံးလုံး၊ ကင်ချီတစ်ခွက်၊ ပဲငံပြာရည် လက်ဖက်စားဇွန်း ၂ ဇွန်း၊ နှမ်းဆီ (ကြော်ပြီးပါက ထမင်းပေါ် အလှဆင်ထားရန်)၊ ငရုတ်သီးအနှစ် စားပွဲတင်ဇွန်း ၁ဇွန်း (သို့) ၂ ဇွန်းခန့် (ကြော်ပြီးပါက တို့စားရန်)

ပြုလုပ်နည်း အဆင့်ဆင့် 

ကြက်သွန်ဖြူ နှစ်မွှာကို ပါးပါးလှီးထားပါ၊ ကြက်ဥ ၂ လုံးကို အဆင်သင့်မွှေခလောက်ထားပါ။ ဒယ်အိုးကို မီးအပူပေးပြီး ဆီထည့်ကာ အပူပေးထားပါ။ ဆီကျက်လာပါက ကြက်သွန်ဖြူနဲ့ ချင်းထည့်ပြီး အနံ့မွှေးလာတဲ့အထိ ဆီသတ်ပါ။

ထမင်း၊ ပဲလုံး၊ မုန်လာဥနီနဲ့ ပဲငံပြာရည်တို့ ထည့်ပြီး မိနစ်အနည်းငယ်ခန့် ဇွန်းနဲ့ မွှေပေးလိုက်ပါ။

မိနစ်အနည်းငယ်ကြာတဲ့အခါ ထမင်းတွေကို ဒယ်အိုးဘေးဘက်ပို့ထားပြီး ကြက်ဥထည့်ဖို့အတွက် အလယ်မှာ အဝိုင်းလေးဖယ်ထားပါ။ ဖယ်ထားတဲ့အဝိုင်းနေရာထဲကို မွှေခလောက်ထားတဲ့ ကြက်ဥထည့်ပြီး ထမင်းကြော်ကို ဆက်မွှေပါ။ ပြီးရင် ထမင်းကြော်ကို မိမိသုံးဆောင်မည့် ပန်းကန်ထဲထည့်ထားလိုက်ပါ။ ကျန်းတဲ့ ကြက်ဥတစ်လုံးကို Half-Fried ကြော်ပြီး ထမင်းကြော်အပေါ်တင်လိုက်ပါ။

နှမ်းဆီ၊ ငရုတ်သီးအနှစ်၊ ကြက်သွန်မြိတ် စတာတွေနဲ့ ထမင်းကြော်ကို အလှဆင်လို့ရပါတယ်။ ဒါဆိုရင်တော့ အရသာရှိလှတဲ့ ကင်ချီထမင်းကြော်လေးကို သုံးဆောင်လို့ ရပါပြီ။

Source: Pinchofyum.com