အားလုံးပဲမင်္ဂလာပါနော်။ ကြက်ဥကြိုက်တဲ့သူတွေကတော့ အကြိုက်တွေ့ကြမယ်လို့မျှော်လင့်ပါတယ်။ အရသာလည်းရှိပြီး လုပ်ရတာလည်း မခက်တဲ့ ကြက်ဥလိပ်လုပ်နည်းကို ဒီတခါမျှဝေပေးသွားမှာဖြစ်ပါတယ်နော်။

ပါဝင်ပစ္စည်း

  • ကြက်ဥ ၅ လုံး
  • ဆားအနည်းငယ်
  • ကြက်သွန်မြိတ် ပါးပါးလှီးပါ
  • ချိစ်အနည်းငယ်
  • ဆီ

ပြုလုပ်နည်း

ကြက်ဥ ကိုသေချာခလောက်ပြီး ဆားနဲ့ ကြက်သွန်မြိတ်ကို မွှေလိုက်ပါ။ ချိစ်နည်းနည်းထည့်ပြီးသေချာမွှေပါ။

ကြက်ဥလိပ်လုပ်မယ့်အိုးက ဒေါင်လိုက်လေးဖြစ်နေတဲ့ပန် (Pan) အိုးဆိုရင် ပိုကောင်းပါတယ်။ ကြက်ဥကို ပါးလျနေအောင်ထည့်လိုက်ပြီး ရပြီဆိုရင် လိပ်ပေးလိုက်ရမှာဖြစ်ပါတယ်။

ကြက်ဥမကုန်မချင်းအဲ့ဒီလိုပဲ လိပ်ပေးလိုက်ရမှာပါ။

ဒါဆိုရင်တော့ ရပါပြီ။ ခက်လည်းမခက်ဘူးအရသာလည်းရှိတာမို့ အားလုံးအကြိုက်တွေ့ကြမယ်လို့ မျှော်လင့်ပါတယ်နော်။

Source: www.mykoreankitchen.com