အာလူးကြော်ကြိုက်တယ်ဆိုရင်တော့ အာလူးကို အမျိုးမျိုး အရသာရှိအောင် ကြော်စားကြည့်ပါ။ ဒီလိုကြော်စားလို့ရအောင် ဆိုင်တွေမှာရောင်းသလို အာလူးကြော်ကို အလုံးလိုက် ဒုတ်ထိုးပြီး ဘယ်လိုကြော်ရမလဲဆိုတာ ပြောပြပေးလိုက်ပါတယ်နော်။

ပထမဆုံးအနေနဲ့ အာလူးကို အရစ်လေးတွေဖြစအောင် လှီးရမှာပါ။ ပြီးမှ ဒုတ်ထိုးပြီး လှီးထားတဲ့ အရစ်လေးတွေကို ဆန့်ထုတ်လိုက်ပါ။ ပြီးရင်တော့ ၁၀ မိနစ် ရေစိမ်ထားရပါမယ်။

ပန်းကန်လုံးထဲကို ဂျုံမှုန့် – ခွက်ရဲ့ လေးပုံ ပုံ တစ်ပုံစာထည့်၊ ပြောင်းဂျုံ – စားပွဲတင်ဇွန်း ၂ ဇွန်းစာထည့်၊ ဆား – လက်ဖက်ရည်ဇွန်းတစ်ဝက်ထည့်၊ ကြက်သွန်ဖြူအမှုန့် – လက်ဖက်ရည်ဇွန်းတစ်ဝက်ထည့်၊ ဂျင်းအမှုန့် – လက်ဖက်ရည်ဇွန်းတစ်ဝက်ထည့်၊ အရောင်တင်ငရုပ်သီးအမှုန့် – လက်ဖက်ရည်ဇွန်းတစ်ဝက်ထည့်၊ မဆလာ – လက်ဖက်ရည်ဇွန်းတစ်ဝက်ထည့်၊ ရေ – အနည်းငယ်ထည့်ပြီး သမအောင်မွှေပါ။

သမအောင်မွှေပြီးရင်တော့ ခုနကလုပ်ထားတဲ့ အာလူးတွေမှာ နှံ့အောင်သုတ်ပေးတာပဲဖြစ်ဖြစ်၊ ဇွန်းနဲ့ လောင်းချတာပဲဖြစ်ဖြစ် လုပ်ပေးပါ။

အားလုံးပြီးရင်တော့ ဆီအိုးထဲထည့်ကြော်ရုံပါပဲ။

ကြော်ပြီးရင်တော့ ဆား – အနည်းငယ်၊ မဆလာ – အနည်းသယ်၊ ငရုပ်သီးအရောင်တင်မှုန့် – အနည်းငယ်တို့ကိုရောမွှေကာ ကြော်ထားတဲ့ အာလူးကြော်ပေါ်မှာ ဖြူးပေးပါ။ ပြီးတာနဲ့ အချဉ်ညှစ်ပြီး စားနိုင်ပါပြီ။

source: www.toasted