အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ မိမိအိမ်မှာ အလွယ်တကူ လုပ်စားနိုင်တဲ့ ကြက်ဥပူတင်း ပေါင်းနည်းလေးကို ဝေမျှပေးချင်ပါတယ်။ ပြုလုပ်နည်းက လွယ်ကူတဲ့အပြင် ပါဝင်ပစ္စည်း အများအပြားလည်း မလိုအပ်ပါဘူး။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၄ လုံး
  • နွားနို့ စားပွဲတင်ဇွန်း ၃၂ ဇွန်း
  • သကြားခဲ ၁၂၀ ဂရမ်
  • ရေ စားပွဲတင်ဇွန်း ၈ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒန်အိုးတစ်လုံးတွင် ရေ အနည်းငယ်နှင့် သကြားခဲများထည့်ကာ မီးအေးအေးဖြင့် သကြားခဲများ ပျော်ဝင်သွားသည်အထိ အပူပေးလိုက်ပါ။

၂။ သကြားခဲများ ပျော်ဝင်သွားပြီဆိုရင်တော့ မီးပိတ်လိုက်ပါ။ ထို့နောက် နွားနို့များထည့်ကာ မီးဖိုပေါ်က ဖယ်ရှားလိုက်ပါ။

၃။ ထို့နောက် ကြက်ဥများကို ပန်းကန်လုံးထဲ ဖောက်ထည့်ကာ မွှေခလောက်လိုက်ပါ။

၄။ စောစောက နွားနို့ရည်များ အေးသွားပြီဆိုရင်တော့ ကြက်ဥပန်းကန်လုံးထဲ ပေါင်းထည့်ကာ သမအောင် ရောမွှေလိုက်ပါ။

၅။ ရရှိလာတဲ့ ကြက်ဥနွားနို့ရည်ရဲ့ အပေါ်မျက်နှာပြင်ပေါ်က ဗူစီဖောင်းအမြှုပ်များ ဖယ်ရှားဖို့ရန်အတွက် ဆန်ခါဖြင့် စစ်ထားလိုက်ပါ။

၆။ တစ်ဖန် ကြက်ဥပေါင်းဖို့ရန်အတွက် အပူခံပန်းကန်လုံးထဲသို့ ကြက်ဥနွားနို့အရောနှောများကို ဆန်ခါဖြင့် ထပ်စစ်လိုက်ပါ။ (ဗူစီဖောင်းအမြှုပ်များ ကျန်ရှိနေသေးပါက ဇွန်းဖြင့် ဖယ်ရှားလိုက်ပါ။

၇။ ထို့နောက် ထိုပန်းကန်လုံးများကို ပလပ်စတစ်ဖြင့် အုပ်ထားပြီးနောက် အသင့်ပြင်ထားသော ပေါင်းအိုးထဲထည့်ကာ ၁၂ မိနစ်ခန့် ထည့်ပေါင်းပေးလိုက်ပါ။

သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ အရသာရှိတဲ့ ကြက်ဥပူတင်းလေး ရရှိသွားပါပြီ။

Source: Huangkitchen.com