အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ မုန့်လုပ်နည်းကတော့ စတော်ဘယ်ရီပန်ကိတ် ပြုလုပ်နည်းပဲဖြစ်ပါတယ်။

စတော်ဘယ်ရီဆော့စ် ပြုလုပ်ရန် လိုအပ်သော ပါဝင်ပစ္စည်းများ

စတော်ဘယ်ရီသီးရဲ့ ကျန်းမာရေး အကျိုးကျေးဇူး

  • စတော်ဘယ်ရီး ၁ ပေါင် (ခပ်ပါးပါးလှီးဖြတ်ထားပါ)
  • သကြား စားပွဲတင်ဇွန်း ၄ ဇွန်း
  • သံပုယိုရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဗနီလာ လက်ဖက်ရည်ဇွန်းတစ်ဝက်

ပန်ကိတ်ပြုလုပ်ရန် လိုအပ်သော ပါဝင်ပစ္စည်းများ

  • ဂျုံမှုန့် ၁၂၀ ဂရမ်
  • သကြား စားပွဲတင်ဇွန်း ၂ ဇွန်း
  • မုန့်ဖုတ်ပေါင်ဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်

  • နွားနို့ စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • ရှာလကာရည် လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ကြက်ဥ ၁ လုံး
  • ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဗနီလာ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ စတော်ဘယ်ရီဆော့စ် ပြုလုပ်ရန်အတွက် ဒယ်အိုးအသေးတစ်လုံးကို အပူပေးပါ။ စတော်ဘယ်ရီသီး၊ သကြားနှင့် သံပုယိုရည်တို့ ထည့်ကာ အလယ်အလတ်မီးအပူချိန်ဖြင့် ဆူပွက်လာအောင် တည်ထားလိုက်ပါ။

မကြာခဏ မွှေပေးပြီးနောက် ၅ မိနစ်၊ ၇ မိနစ်ခန့် ပြည့်ပါက မီးဖိုပေါ်က ချလိုက်ပြီးနောက် အအေးခံထားလိုက်ပါ။

၂။ ပန်းကန်လုံး အလတ်ဆိုဒ် တစ်လုံးထဲတွင် ဂျုံမှုန့်၊ သကြား၊ မုန့်ဖုတ်ပေါင်ဒါ၊ မုန့်ဖုတ်ဆိုဒါနှင့် ဆားတို့ထည့်ကာ သမအောင် မွှေထားလိုက်ပါ။

ပန်းကန်လုံးအသေးတစ်လုံးထဲတွင်တော့ နွားနို့နှင့် ရှာလကာရည်တို့ကို သမအောင် ရောမွှေထားပါ။ ၅ မိနစ်ခန့် နှပ်ထားလိုက်ပါ။

အခြားပန်းကန်လုံးထဲတွင် ကြက်ဥကို မွှေခလောက်ပြီးနောက် ဆီနှင့် ဗနီလာတို့ ပေါင်းထည့်ကာ သမအောင် ရောမွှေလိုက်ပါ။

၄။ ဂျုံမှုန့်အရောအနှော၊ နွားနို့နှင့် ရှာလကာရည် အရောအနှော၊ ကြက်ဥ အရောအနှောတို့ကို အားလုံးပေါင်းစပ်ပြီးနောက် သမအောင် နယ်လိုက်ပါ။ ထို့နောက် စတော်ဘယ်ရီဆော့စ် စားပွဲတင်ဇွန်း ၄ ဇွန်းခန့်ထည့်ပြီး သမအောင် ထပ်မွှေပါ။

၅။ ဒယ်အိုးကို အပူပေးပြီး ဆီအနည်းငယ် သုတ်လိမ်းထားပါ။ စောစောကနယ်ထားသော မုန့်နှစ်အနည်းငယ်ကို ဒယ်အိုးထဲထည့်ပြီး ၃ မိနစ်၊ ၄ မိနစ်ခန့် ကြော်လိုက်ပါ။ ထို့နောက် အခြားတစ်ဖက်သို့ လှန်ကာ နောက်ထပ် ၁ မိနစ်၊ ၂ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

ဒါဆိုရင်တော့ စတော်ဘယ်ရီပန်ကိတ်များ ရရှိလာပါပြီ။ ရရှိလာတဲ့ စတော်ဘယ်ရီ ပန်ကိတ်ပေါ်သို့ စတော်ဘယ်ရီဆော့စ်များ ဆမ်းကာ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Lilluna.com