မနက်ခင်းတိုင်းမှာ မြန်မာမုန့်တွေချည်းပဲ စားနေရတာ ငြီးငွေ့နေပြီဆိုသူတွေအတွက် ဒီတစ်ခါမှာတော့ အနောက်တိုင်း အစားအစာတစ်မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ထိုအစားအစာကတော့ ပေါင်မုန့်မီးကင်နဲ့ တွဲဖက်စားသုံးနိုင်တဲ့ ကြက်ဥသုပ်ပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥပြုတ် ၆ လုံး
  • မုန်ညှင်းနှစ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • မိရောနိစ် ၇၆ ဂရမ်
  • သံပုယိုရည် လက်ဖက်ရည်ဇွန်း ၂ ဖွန်း
  • ဆား၊ ငရုတ်ကောင်းမှုန့်နှင့် ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်စီ

  • သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ပါးပါးလှီးထားသော ကြက်သွန်မြိတ် စားပွဲတ်ငဇွန်း ၁ ဇွန်း
  • ပေါင်မုန့်မီးကင် ၆ ချပ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်ဥပြုတ်များကို အလယ်ကနေ ထက်ခြမ်း ခြမ်းထားပြီးနောက် အတုံးငယ်များ ဖြစ်အောင် လှီးထားလိုကပါ။

၂။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင်  ကြက်ဥ၊ ကြက်သွန်မြိတ်၊ မိရောနိစ်၊ မုန်ညှင်းနှစ်၊ သံပုယိုရည်၊ ဆား၊ ကြက်သွန်မြိတ်၊ ငရုတ်ကောင်းမှုန့်နှင့် ငရုတ်သီးမှုန့်တို့ထည့်ကာ သမအောင် နယ်ပေးလိုက်ပါ။

၃။ အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ လိုအပ်ပါက ဆား၊ ငရုတ်ကောင်းမှုန့်၊ ငရုတ်သီးမှုန့်တို့ကို ထပ်ထည့်နိုင်ပါတယ်။ ကြက်သွန်မြိတ် ကြိုက်ပါကလည်း ထပ်ထည့်ပေးနိုင်ပါတယ်။

ရရှိလာတဲ့ ကြက်ဥသုပ်ကို ပေါင်မုန့်မီးကင်နဲ့ တွဲဖက်စားသုံးမယ်ဆိုရင်တော့ အင်မတန်မှ အရသာရှိပါတယ်။

Source: Thespruceeats.com