(Unicode)
အားလုံးပဲ မင်္ဂလာပါ။ ကြက်ဥပြုတ်ကို ပုံစံအသစ်အဆန်း၊ အရသာအသစ်အဆန်း မြည်းစမ်းစားသုံးကြည့်ချင်သူများအတွက် ဒီတစ်ခါမှာတော့ ဝက်သားအစာသွပ် ကြက်ဥပြုတ်လုပ်နည်းကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်ဥ ၆ လုံး
- ဝက်သား ၁၅၀ ဂရမ်
- ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)
- ဆားနှင့် ငရုတ်ကောင်းမှုန့်အနည်းငယ်
- သံလွင်ဆီ အနည်းငယ်
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ဝက်သားကို ပြုတ်ထားပြီး အသားနွှင်ပေးလိုက်ပါ။ ထို့နောက် ဓားဖြင့် နုပ်နုပ်စဉ်းပေးထားလိုက်ပါ။
ဝက်သားကို ပန်းကန်လုံးတစ်လုံးထဲထည့်ပြီးနောက် ငရုတ်ကောင်းမှုန့်၊ ဆားတို့ဖြင့် သမအောင် နယ်ပေးလိုက်ပါ။
၂။ ကြက်ဥများကို ဆားထည့်ထားသော ရေထဲတွင် ၁၀ မိနစ်ခန့် ပြုတ်ပေးလိုက်ပါ။ ထို့နောက် အအေးခံပြီးရင် ကြက်ဥပြုတ်အခွံကို ခွာပေးလိုက်ပါ။ ကြက်ဥကို ထက်ခြမ်း ခြမ်းပြီးနောက် ကြက်ဥအနှစ်ကို ဖယ်ထားလိုက်ပါ။
ထိုကြက်ဥအနှစ်ကိုပန်းကန်လုံးတစ်လုံးထဲထည့်ပြီး ချေထားလိုက်ပါ။
၃။ အဆင့် (၃) အနေနဲ့ နယ်ထားသော ဝက်သားကို အလုံပိတ်အိတ်ထဲထည့်လိုက်ပါ။ ထိုအိတ်ကို တင်းနေအောင် စည်းထားပြီးနောက် အပေါက်သေးတစ်ခု ဖောက်ထားလိုက်ပါ။
၄။ ထို့နောက် ကြက်ဥအကာပေါ်သို့ ထိုဝက်သားအိတ်ကို ညှစ်ချလိုက်ပါ။
ကြက်ဥအကာတစ်ခုချင်းစီပေါ်သို့ ဝက်သားများထည့်ပြီးပါက စောစောက ချေထားသော ကြက်ဥအနှစ်များကို ဖြူးထည့်လိုက်ပါ။ ကြက်သွန်မြိတ်အနည်းငယ်ဖြူးပြီးသွားပြီဆိုရင်တော့ အရသာရှိတဲ့ ဝက်သားအစာသွပ် ကြက်ဥပြုတ်လေး ရရှိသွားပါပြီ။
Source: Garlicandzest.com
(Zawgyi)
အားလံုးပဲ မဂၤလာပါ။ ၾကက္ဥျပဳတ္ကို ပံုစံအသစ္အဆန္း၊ အရသာအသစ္အဆန္း ျမည္းစမ္းစားသံုးၾကည့္ခ်င္သူမ်ားအတြက္ ဒီတစ္ခါမွာေတာ့ ဝက္သားအစာသြပ္ ၾကက္ဥျပဳတ္လုပ္နည္းကို ေဝမွ်ေပးခ်င္ပါတယ္။
ပါဝင္ပစၥည္းမ်ား
- ၾကက္ဥ ၆ လံုး
- ဝက္သား ၁၅၀ ဂရမ္
- ၾကက္သြန္ၿမိတ္ ၁ ပင္ (ပါးပါးလွီးထားပါ)
- ဆားႏွင့္ ငရုတ္ေကာင္းမႈန္႔အနည္းငယ္
- သံလြင္ဆီ အနည္းငယ္
ျပဳလုပ္နည္း အဆင့္ဆင့္
၁။ ဝက္သားကို ျပဳတ္ထားၿပီး အသားႏႊင္ေပးလိုက္ပါ။ ထို႔ေနာက္ ဓားျဖင့္ ႏုပ္ႏုပ္စဥ္းေပးထားလိုက္ပါ။
ဝက္သားကို ပန္းကန္လံုးတစ္လံုးထဲထည့္ၿပီးေနာက္ ငရုတ္ေကာင္းမႈန္႔၊ ဆားတို႔ျဖင့္ သမေအာင္ နယ္ေပးလိုက္ပါ။
၂။ ၾကက္ဥမ်ားကို ဆားထည့္ထားေသာ ေရထဲတြင္ ၁၀ မိနစ္ခန္႔ ျပဳတ္ေပးလိုက္ပါ။ ထို႔ေနာက္ အေအးခံၿပီးရင္ ၾကက္ဥျပဳတ္အခြံကို ခြာေပးလိုက္ပါ။ ၾကက္ဥကို ထက္ျခမ္း ျခမ္းၿပီးေနာက္ ၾကက္ဥအႏွစ္ကို ဖယ္ထားလိုက္ပါ။
ထိုၾကက္ဥအႏွစ္ကိုပန္းကန္လံုးတစ္လံုးထဲထည့္ၿပီး ေခ်ထားလိုက္ပါ။
၃။ အဆင့္ (၃) အေနနဲ႔ နယ္ထားေသာ ဝက္သားကို အလံုပိတ္အိတ္ထဲထည့္လိုက္ပါ။ ထိုအိတ္ကို တင္းေနေအာင္ စည္းထားၿပီးေနာက္ အေပါက္ေသးတစ္ခု ေဖာက္ထားလိုက္ပါ။
၄။ ထို႔ေနာက္ ၾကက္ဥအကာေပၚသို႔ ထိုဝက္သားအိတ္ကို ညွစ္ခ်လိုက္ပါ။
ၾကက္ဥအကာတစ္ခုခ်င္းစီေပၚသို႔ ဝက္သားမ်ားထည့္ၿပီးပါက ေစာေစာက ေခ်ထားေသာ ၾကက္ဥအႏွစ္မ်ားကို ျဖဴးထည့္လိုက္ပါ။ ၾကက္သြန္ၿမိတ္အနည္းငယ္ျဖဴးၿပီးသြားၿပီဆိုရင္ေတာ့ အရသာရွိတဲ့ ဝက္သားအစာသြပ္ ၾကက္ဥျပဳတ္ေလး ရရွိသြားပါၿပီ။
Source: Garlicandzest.com