Diet Plan ပြီးဖို့ အခုဆိုရင် တစ်ရက်ပဲ လိုပါတော့တယ်။ ကိုယ်တွင်းက မဆင်မခြင် စားတဲ့ အစားအစာတွေရဲ့ အဆိပ်တွေလည်း ကုန်သလောက်နီးပါး ရှိပြီမို့ အသားအရေ ကြည်လင်လာပြီး ပေါ့ပါးနေသလို ခံစားနေရပါလိမ့်မယ်။ Plan ပြီးသွားတဲ့ အခါ အစာအိမ်ဟာ ကျုံ့သွားတာမို့ အစားကို အများကြီး မစားဘဲ နည်းနည်းချင်း ခဏတိုင်း စားပေးရင်း ကိုယ်အလေးချိန်ကို ပြန်ပြီး ထိန်းထားဖို့ လိုပါတယ်။ ကဲ ဒီနေ့ကတော့ ၆ရက်မြောက်နေ့ပါ။ ပြီးတော့မယ်ဆိုတဲ့ ခံစားချက်ဟာလည်း လူကို ပေါ့ပါးနေစေပါတယ်။

day6_rice

၆ရက်မြောက်နေ့မှာ အဓိက စားရမှာကတော့ ထမင်းနဲ့ အသီးအရွက် စွပ်ပြုတ်တွေပါ။ ဆီရှောင်ရပါမယ်။ ထောပတ်နဲ့ ခရင်မ်တွေ ရှောင်ပါ။ သံပုရရည်
ငရုတ်သီးနဲ့ ဆား သုံးနိုင်ပါတယ်။ Salad လုပ်စားတဲ့ အခါ အကျန်တွေကို ရေခဲသေတ္တာထဲ ထည့်ပြီး မစားပါနဲ့။ လတ်လတ်ဆတ်ဆတ် ဖြစ်စေဖို့
တစ်နေ့စာ တစ်နေ့ လုပ်ပါ။

မနက်စာ – အသီးအရွက် အစိမ်း နဲ့ ထမင်း တစ်လုံး။ မနက်စာ မစားခင် Weight Loss Drink သောက်ဖို့ သတိရပါ။

နေ့လည်စာ – Salad သို့မဟုတ် စွပ်ပြုတ် တစ်ပန်းကန်လုံး

ညစာ – Salad သို့မဟုတ် စွပ်ပြုတ် တစ်ပန်းကန်လုံး

ကြားထဲ ဗိုက်ဆာတဲ့ အခါ အသီးအရွက်နဲ့ စွပ်ပြုတ် စားလို့ရပါတယ်။ ထမင်းကတော့ တစ်နေ့လုံးမှာ တစ်ပန်းကန်လုံးပဲ စားပါ။

day6_greentea

၆ရက်မြောက်နေ့မှာ သောက်ရမယ့် အရည်တွေကတော့

– ရေ ၁၀ ခွက်
– Green Tea (ပျားရည်ထည့်သောက်လို့ ရပါတယ်)
– ကော်ဖီ (အချိုမပါ)
– Weight Loss drink

Green Tea ဟာ ကိုယ်အလေးချိန် လျှော့ချရာမှာ ကူညီပေးတဲ့ အရာတစ်ခုပါ။ Green Tea တစ်ခွက်ဟာ ကယ်လိုရီ ၈၀ ကို လောင်ကျွမ်းစေနိုင်ပါတယ်။
အရသာလည်းရှိပြီး ကယ်လိုရီလောင်ကျွမ်းပေးတဲ့ Green Tea ကို ပျားရည်အနည်းငယ်နဲ့ ထည့်သောက်ကြည့်ပါ။

လေ့ကျင့်ခန်း
arm exe
လေ့ကျင့်ခန်းကတော့ ပုံမှန် တွဲလုပ်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။ လိုချင်တဲ့ ကိုယ်အလေးချိန်ရောက်အောင် အစားအစာနဲ့ လေ့ကျင့်ခန်းက မျှတနေမရပါမယ်။
လမ်းပဲ လျှောက်ဖြစ်တယ်ဆိုရင် တစ်ရက်ထက် တစ်ရက် အချိန်ကို တိုးပြီး လျှောက်ပေးပါ။ ဒီရက် မိနစ် ၂၀လျှောက်ရင် နောက်ရက်တွေမှာ မိနစ် ၃၀
မိနစ် ၄၀ စသဖြင့် တိုးပြီး လျှောက်ပေးပါ။

ဒီနေ့ လေ့ကျင့်ခန်းကတော့ ပုခုံးနဲ့ လက်မောင်းက အဆီတွေ ကျစေဖို့ အတွက်ပါ။

ကဲ..မနက်ဖြန်ဆိုရင် Diet Plan ရဲ့ နောက်ဆုံးရက်ဖြစ်လို့ အားတင်းပြီး ၆ရက်နေ့ကို အောင်မြင်စွာ ဖြတ်ကျော်လိုက်ကြပါစို့။

Review – https://myfoodmyanmar.com/diet-plan-review/
ပထမနေ့ – https://myfoodmyanmar.com/diet-plan-1st-day/
ဒုတိယနေ့ – https://myfoodmyanmar.com/diet-plan-2nd-day/
တတိယနေ့ – https://myfoodmyanmar.com/diet-plan-3rd-day/
စတုတ္ထနေ့ – https://myfoodmyanmar.com/diet-plan-4th-day/
ပဉ္စမနေ့ –https://myfoodmyanmar.com/diet-plan-5th-day/