Weekend ဆိုတော့ အချိန်အနည်းငယ်ပိုပေးရပြီး ထမင်းဖြူပူပူလေးနဲ့ စားလို့ကောင်းတဲ့ အကြော်စုံပူပူကျွတ်ကျွတ်လေးတွေ ကြော်စားကြရအောင်နော်။
အပြင်ကဝယ်စားရင် သန့်ရှင်းမှုရော ကျန်းမာရေးနဲ့ညီညွတ်မှုအတွက်ရော စိုးရိမ်ရလို့ အကြော်စုံကို အိမ်မှာအချိန်ပေးပြီး ပူပုနွေနွေးကြော်စားတာ အကောင်းဆုံးပါပဲ။
လိုအပ်သောပစ္စည်းများ
- Gold Label ယိုးဒယား အကြော်မှုန့် ၁ ထုပ် (တခြားတံဆိပ်များလည်း ရပါတယ်)
- လှီးဖြတ်ထားသော ဗူးသီးစိတ်လေးများ – မြင်းခွါရွက် ၊ ဆူးပုပ်ရွက် ၊ ကြက်သွန်နီ
- ကြက်သွန်ဖြူနီ ၊ ဂျင်း ၊ ငရုတ်သီးစိမ်း အရောထောင်း
- မနိကျည်းမှည့်
- နံနံပင်
ကြော်လှော်ပုံ
- Gold Label အကြော်မှုန့် တစ်ထုပ်ကို ရေတစ်ဖန်ခွက်ခန့်နှင့်ရောပါ။ မုန့်နှစ်များ ကျဲသွားမှာဆိုးလို့ ရေကို အနည်းငယ်စီ ချင့်ချိန် ထည့်ပြီး ခပ်ပျစ်ပျစ်လေး ရသည်အထိ မွှေပေးပါ။ မုန့်နှစ် ထဲကို ဆား အနည်းငယ် ထည့်ပါ။
- မြင်းခွါရွက် ၊ ဆူးပုပ်ရွက် များကို ရေဆေးပြီး ရေစစ်ထားပါ။ ကြက်သွန်နီကို အကွင်းလေးများရအောင် ခပ်ထူထူလေးလှီးပါ။
- ဆီကို Medium Heat ထားပြီး လှီးဖြတ်ထားတဲ့ ဗူးသီး မြင်းခွါရွက် ဆူးပုပ်ရွက် ကြက်သွန်နီများကို တစ်မျိုးချင်းစီ အနှစ်ရောကြော်ပါ။
- ဗူးသီးကိုလည်း ရေဆေး အခွံသင်ပြီး လက်တစ်ဆစ်ခန့် အတုံးလေးများ ရအောင် လှီးဖြတ်ပါ။ ဟင်းခတ်ဇွန်းအပြားကြီးကြီးထဲ နယ်ထားတဲ့ မုန့်နှစ် အနည်းငယ်စီ ထည့်ကြော်လျှင် ကြော်ရတာ ပိုအဆင်ပြေပါ်တယ် ။
- အကြော်ပူပူများ ရွှေညိုရောင်သန်းလာပြီဆိုလျှင် ဆယ်ပြီးဆီစစ်ထားပါ ။
( အချဉ်ရည် လုပ်နည်း )
- မန်ကျည်းမှည့်များကို ရေနွေးဖြင့် တစ်ထပ်ဆေးပြီး ရေနွေးနဲ့ စိမ်ထားပါ။ မန်ကျည်းမှည့်များ ပြောအိနူး လာလျင် ထောင်းထားတဲ့ ကြက်သွန်ဖြူ ၊ နီ ၊ ဂျင်း ၊ ငရုတ်သီးစိမ်းများ ရောပါ။
- ရေနွေး အနည်းငယ် ထပ်ရောပါ။ ဆား၊ သကြား ၊ ယိုးဒယားငံပြာရည်များ ထည့်ပါ ။ ရှာလကာရှည် လက်ဖက်ရည် ၁ ဇွန်းခန့်ရောပါ။
- နံနံပင်များကို ရေစင်စွာဆေးပြီး အရိုးရော အရွက်များပါ ပါးပါးလှီးထည့်ကာ အရသာများ သမအောင်မွှေပေးပါ။
- နောက်ဆုံးအဆင့်မှာ ငရုတ်သီးအလှော်မှုန့် အနည်းငယ်ထည့်ပါ။
အကြော်စုံ ပူပူလေးကို ချဉ်ငံစပ် အချဉ်ရည်ဖြင့် စားလို့ရပါပြီ ။ အချဉ်ရည်ဖျော်ရာမှာ အရသာကို လေးအောင် ဖျော်မှ အကြော်နဲ့ တွဲဖက်စားရင် အနေတော် ဖြစ်မှာပါနော်။ အကြော်စုံ ပူပူလေးကို ဂေါ်ဖီ ကျွတ်ကျွတ်လေး ၊ ဆလတ်ရွက် စိမ်းစိမ်းလေးများဖြင့် တွဲဖက်စားလို့ ကောင်းပါတယ်ရှင့်။
Credit: Warr Tee