ပါဝင်ပစ္စည်းများ

  • ပုစွန် ၁၅ကျပ်သား (အခွံခွာနုပ်နုပ်စင်းထားပါ)
  • ငါးဖယ် ၅ကျပ်သား (ထောင်းထားပါ)
  • ပြောင်းမှုန် ၂ဇွန်း
  • ဥနီ တဝက် (ခြစ်ထားပါ)
  • ကြက်သွန်မိတ် ၃ပင် (ပါးပါးလှီးထားပါ)
  • ဆား
  • သကြား
  • ငရုတ်ကောင်း
  • ကြက်သွန်ဖြူ/ဂျင်း ၁ဇွန်း(ထောင်းပြီရည်)

ပြုလုပ်နည်း

  1. ပါဝင် ပစ္စည်းများကို ရောနယ်ထားပါ။
  2. ပေါင်းမည့်အိုးထဲမှ ပုဂံထဲသို့ ကြိုက်နှစ်သက်ရာ ဆောစ့်၊ သံလွင်ဆီ၊ နှမ်းဆီမွှေး အနည်းငယ် ထည့်၍ ၁၅မိနစ်ခန့် ပေါင်းလျှင် စားလို့ ရပါပြီ။ ရေညှိလိပ်ပေါ်သို့ နံနံပင် (သို့) ကြက်သွန်မိတ် တင်ပြီး အလှဆင်လို့ရပါတယ်။

Credit: ကိုကျော်