သင့်ခန္ဓာကိုယ်မှ အစာအိမ်၊ အသည်း၊ အူမကြီးနှင့် ကျောက်ကပ်တို့က ခန္ဓာကိုယ်အဆိပ်အတောက်ကင်းရှင်းစေဖို့ နေ့စဉ်အလုပ်လုပ်နေပါတယ်။ အမျိုးမျိုးသော အဆိပ်အတောက်ဖြေဖျော်ရည်တွေက ပုံမှန်အလုပ်လုပ်မှုကို တိုးတက်စေဖို့ ကူညီပေးနိုင်ပါတယ်။
ဒါကြောင့် ယခုတစ်ခါဖော်ပြပေးချင်တာကလည်း အာဟာရဓာတ်တွေ အမျိုးမျိုးပါဝင်တဲ့ အသီးအနှံတွေပေါင်းစပ်ပါဝင်တဲ့ အသီးဖျော်ရည်တစ်ခွက်လုပ်နည်းကို ဖော်ပြပေးမှာဖြစ်လို့ မှန်မှန်သောက်သုံးပြီး အဆီတွေကိုဖယ်ရှားနိုင်မှာဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
- နာနတ်သီး – ခွက် ၁ ခွက်
- ဒေါက်ခွရွက် – လက်တစ်ဆုပ်စာ
- ပန်းသီးစိမ်း – ၁ လုံး
- ကြိုပြီး အအေးခံပြီးသား လက်ဖက်ရည်ကြမ်း – ၁ ခွက်
- ဂျင်း – ၂ စိတ်
- အုန်းရည် – ၁ ခွက်
- သံပုယိုရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ပျားရည် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- သခွားသီး – တစ်ဝက်ခန့်
- ပူစီနံ – ၈ ရွက်
ပြင်ဆင်ပြုလုပ်ပုံအဆင့်ဆင့်
၁။ ဒေါက်ခွရွက် ၁ ခွက်ကို ကြိတ်စက်ထဲထည့်ပါ။
၂။ ဂျင်း ၂ စိတ်ကိုလည်း ထည့်ပါ။
၃။ အအေးခံပြီးသား လက်ဖက်ရည်ကြမ်းတွေကိုလည်း ရောထည့်ပါ။
၄။ အုန်းရည်တစ်ခွက်လောင်းထည့်ပါ။
၅။ ပျစ်နှစ်သည်အထိ အကုန်လုံးကို ရောကြိတ်ပစ်ပါ။
၆။ နာနတ်သီးအတုံးတွေ ၁ ခွက်စာကို ပေါင်းပါ။
၇။ နောက်ထပ် စိတ်ပြီးသား ပန်းသီးအစိမ်းတွေကိုလည်း ထပ်ထည့်ပါ။
၈။ သခွားသီးတစ်ဝက်ကိုလည်း အတုံးလေးတွေလှီးပြီး ကြိတ်စက်ထဲထည့်ပေးပါ။
၉။ နောက်ထပ်တစ်ကြိမ် ကြိတ်ပေးပါ။
၁၀။ ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းကိုလည်း ပေါင်းပေးပါ။
၁၁။ သံပုယိုသီး တစ်ခြမ်းကိုလည်း အရည်ညှစ်ထည့်ပါ။
၁၂။ ပူစီနံအရွက် ၈ ရွက်ကိုလည်း ချွေထည့်ပါ။
၁၃။ သုံးခါမြောက် ထပ်ကြိတ်ပါ။
၁၄။ ခွက်ထဲပြောင်းထည့်ပါ။
ရရှိလာတဲ့ ဖျော်ရည်ကို နေ့စဉ် တနေ့တစ်ကြိမ်သောက်သုံးပေးဖို့ လိုအပ်ပါတယ်။ ကျန်ရှိနေတဲ့ ဖျော်ရည်တွေကို ရေခဲသေတ္တာထဲသိမ်းထားပြီး ရက်အနည်းငယ်အတွင်းထိ သောက်သုံးနိုင်ပါတယ်။
Credit: Top10 Home Remedies