နေကပူတော့ ထမင်းလည်းစားမကောင်းသူများအတွက် ငပိချက်ကောင်းကောင်းလေးတစ်ခွက်နှင့် မိတ်ဆက်ပေးချင်ပါတယ်။ ဒါကတော့ ဒညင်းသီးနှင့် ရွှေပုစွန်ခြောက်တို့ိကို ရောချက်ရတဲ့ ငပိချက်တစ်ခွက်ဖြစ်ပါတယ်။ အရင်ကတည်းက ဒညင်းသီးကို တို့စရာအနေနဲ့ စားရတာကို ကြိုက်နှစ်သက်သူများအတွက် အလွန်အစပ်အဟပ်တည့်မှာပါ။

ပါဝင်ပစ္စည်းများ

  • ဒညင်းသီးပြုတ် – ၁၀ လုံး
  • ရွှေပုစွန်ခြောက် – ၂ ဇွန်း
  • စိမ်းစားငါးပိ – ၁ ဇွန်း
  • ငရုတ်သီးစိမ်း – ၁၅တောင့်ခန့်
  • ကြက်သွန်နီ – ၁ လုံး
  • ကြက်သွန်ဖြူ – ၅ တက်
  • ခရမ်းချဉ်သီးမှည့်မှည့် – ၅ လုံးခန့်

ပြင်ဆင်ပြုလုပ်နည်း

  1. ဒညင်းသီးကို ထက်ခြမ်းခွဲပြီး အညှောင့်လေးထုတ်ပေးပါ ။ ထိုအညှောင့်လေးက အခန့်မသင့်ရင် အစာအဆိပ်တက်တဲ့ ဓာတ်ကို ဖြစ်ပေါ်စေတတ်ပါတယ် ။
  2. ထက်ခြမ်းခွဲပြီး ငရုတ်ဆုံမှာထောင်း ပြားပြားပေးပါ ။ ငါးပိကို ရေခပ်နွေးနွေးနှင့် ဖျော်ထားပါ ။ ကြက်သွန်နီ ၊ ဖြူနှင့် ငရုတ်ခြောက် ၃တောင့်လောက်ကို ရောပြီး ညှက်နေအောင် ထောင်းပါ ။ ခရမ်းချဉ်သီးနှင့် ငရုတ်သီးစိမ်းကို ခပ်ကြမ်းကြမ်း လှီးပါ ။
  3. ဒယ်အိုးတစ်လုံးမှာ ထောင်းထားသော အရော ၊ ခရမ်းချဉ်သီး ၊ ရွှေပုစွန်ခြောက်တို့ကို နနွင်းမှုန့် ၊ အနည်းငယ်နှင့်အတူ ရောထည့်ပြီး ဆီအနည်းငယ် လောင်းထည့်ပါ ။ အဖုံးအုပ်ပြီး မီးအေးအေးမှာ ဆီပြန်အောင် ချက်ပေးပါ ။
  4. ဆီပြန်လာလျှင် ထောင်းပြားထားတဲ့ ဒညင်းသီးတွေ ထည့်ပေါင်းချက်ပါ ။ ၃မိနစ်ခန့် ဆက်ချက်ပြီးလျှင် အရည်ဖျော်ထားတဲ့ ငါးပိကို လောင်းထည့်ပြီး ငရုတ်သီးစိမ်းတွေ ပေါင်းထည့်ကာ အဖုံးအုပ်ပြီး ရေခမ်းသည်အထိ ဆက်ချက်ပေးပါ ။
  5. အရသာ အတိုးအလျှော့ ချိန်ဆပြီးရင် ထမင်းမြိန်တဲ့ ဒညင်းသီးငါးပိချက် သုံးဆောင်နိူင်ပါသည် ။

သတိပြုရန် ။ ။ ဒညင်းသီးစားလို့ အဟာရမဖြစ်ဘူး ဆိုပေမယ့်လဲ ဒညင်းသီးကို မရှောင်နိူင်ကြတာကြောင့်အလွန်အကျွံ စားသုံးခြင်းကို သတိထားပြီး ရှောင်ကြဉ်ကြပါလို့ အသိပေးအပ်ပါတယ် ။

Credit: ဟင်းချက်နည်းများ