အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ချောကလက်ကြိုက်နှစ်သက်သူများအတွက် အရသာရှိတဲ့ ချောကလက်ပူတင်း အချိုပွဲ ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၂ လုံး
  • ထောပတ် ၁၀၀ ဂရမ် (အရည်ဖျော်ထားပါ)
  • နွားနို့ ၅၀ မီလီလီတာ
  • သကြား ၁၀၀ ဂရမ်
  • ကိုကိုးမှုန့် ၃၀ ဂရမ်

  • ဂျုံမှုန့် ၉၀ ဂရမ်
  • မုန့်ဖုတ်ပေါင်ဒါ ၅ ဂရမ်
  • ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • Dark ချောကလက် ၅၀ ဂရမ် (ပါးပါးလှီးထားပါ)

ချောကလက်ဆော့စ် ပြုလုပ်ရန် လိုအပ်သော ပါဝင်ပစ္စည်းများ

  • ရေ ၂၄၀ မီလီလီတာ
  • သကြား ၉၀ ဂရမ်
  • ကိုကိုးမှုန့် ၁၅ ဂရမ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ကြက်ဥ၊ သကြား၊ နွားနို့၊ ထောပတ်တို့ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။ ဂျုံမှုန့်၊ မုန့်ဖုတ်ပေါင်ဒါ၊ ကိုကိုးမှုန့်နှင့် ဆားတို့ဖြင့် ဆန်ခါပေါက်ဖြင့် စစ်ချကာ ပန်းကန်လုံးထဲသို့ ရောထည့်လိုက်ပါ။

၂။ ထို့နောက် ချောကလက်များထည့်ကာ သမအောင် ရောမွှေလိုက်ပါ။ ရရှိလာတဲ့ မုန့်နှစ်များကို ဇောက်နက်သော ပန်းကန်လုံးထဲသို့ လောင်းထည့်လိုက်ပါ။

၃။ ချောကလက်ဆော့စ် ပြုလုပ်ရန်အတွက် ဒယ်အိုးတစ်လုံးကို အပူပေးကာ ရေ ထည့်ပါ။ ရေ ဆူပွက်လာပါက သကြား၊ ဆားနှင့် ကိုးကိုးမှုန့်တို့ထည့်ကာ သကြားများ ပျော်ဝင်သွားသည်အထိ တည်ထားလိုက်ပါ။

၄။ ရရှိလာတဲ့ ချောကလက်ဆော့စ်ကို စောစောက ပန်းကန်လုံးထဲ လောင်းထည့်လိုက်ပါ။ ထို့နောက် ၁၈၀ ဒီဂရီစင်တီဂရိတ်ဖြင့် ကြိုတင်အပူပေးထားသော Oven ထဲထည့်ကာ ၃၅ မိနစ်ခန့် ထည့်ဖုတ်ပေးလိုက်ပါ။

သတ်မှတ်ချိန်ပြည့်လို့ သူ့မျက်နှာပြင်လေးက တင်းတင်းရင်းရင်းလေးဖြစ်သွားပြီဆိုရင်တော့ အရသာရှိတဲ့ ချောကလက်ပူတင်းလေး ရရှိသွားပါပြီ။

Source: Mrspskitchen.net