အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အရသာရှိပြီး ကြွပ်ရွနေတဲ့ အမဲသားနှစ်ပြန်ကြော်ဟင်းလျာ ပြင်ဆင်ချက်ပြုတ်နည်းကို MyFood Myanmar ရဲ့အစားအစာချစ်သူများအတွက် ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲသား ၅၀၀ ဂရမ်
  • ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် ရေ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • မုန်လာဥနီ ၁ လုံး
  • ကြော်ရန် ဆီ

  • ကြက်သွန်မြိတ် ၁ ပင်နှင့် ကြက်သွန်ဖြူ ၁ မြွှာ (ပါးပါးလှီးထားပါ)
  • ငရုတ်သီးစိမ်း အနည်းငယ် (ပါးပါးလှီးထားပါ)
  • ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ရှာလကာရည် လက်ဖက်ရည်ဇွန်း ၃ ဇွန်း၊ ပဲငံပြာရည် အနောက် လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် ရေ စားပွဲတင်ဇွန်း ၁ ဇွန်း၊
  • သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အမဲသားများကို အချောင်းလိုက် ပါးပါးလှီးထားပါ။

၂။ ထို့နောက် အမဲသားချောင်းများကို ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ရေ စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ဖြင့် သမအောင် ရောနယ်ထားလိုက်ပါ။ ထို့နောက် အမဲသားပန်းကန်ကို အုပ်ထားပြီး မိနစ် ၃၀ ခန့် နှပ်ထားပါ။

၃။ မုန်လာဥနီများကိုလည်း အချောင်းလိုက် ပါးပါးလှီးထားပါ။ ထို့နောက် ဆီပူထဲထည့်ကာ အညိုရောင် ပြောင်းသွားသည်အထိ ကြော်ပါ။ ပြီးရင်တော့ ပန်းကန်ပြားထဲ ပြောင်းထည့်ထားပါ။

၄။ ဆီကို အပူပြန်ပေးပြီး အမဲသားများထည့်ကာ မိနစ်အနည်းငယ်ခန့် ကြော်ပါ။ အမဲသားများ တစ်ခုနှင့် တစ်ခု ကပ်မနေဖို့ရန်အတွက် ကြော်နေစဉ်အတောအတွင်း ညင်သာစွာ ခွာပေးရပါမယ်။ ထို့နောက် ပန်းကန်ပြားထဲ ဆယ်ထည့်ထားပါ။

၅။ ကျန်ရှိနေတဲ့ ပြောင်းမှုန့်များကို အမဲသားကြော်ပေါ် ဖြူးထည့်လိုက်ပါ။ ထို့နောက် ဆီပူထဲ ထည့်ကာ အညိုရောင် ပြောင်းသွားသည်အထိ ကြော်လိုက်ပါ။ တစ်ဖန် ပန်းကန်ပြားထဲ ပြန်ဆယ်ထည့်ထားပါ။

၆။ နောက်တစ်ဆင့်အနေနဲ့ ဆော့စ် ပြုလုပ်ရပါမယ်။ ဒယ်အိုးကို အပူပေးပြီးနောက် ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပါ။ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ရှာလကာရည်၊ ပဲငံပြာရည်အနောက်၊ ရေ၊ သကြားနှင့် နှမ်းဆီတို့ထည့်ကာ ပွက်ပွက်ဆူလာသည်အထိ တည်ပါ။

၇။ ဆော့စ်က ပွက်ပွက်ဆူလာပြီဆိုရင်တော့ အမဲသားနှင့် မုန်လာဥနီများ ပေါင်းထည့်ကာ သမအောင် ကြော်ပေးလိုက်ပါ။ အားလုံး နှံ့စပ်အောင် ကြော်ပြီးသွားပြီဆိုရင်တော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ အရသာရှိပြီး ကြွပ်ရွနေတဲ့ အမဲသားနှစ်ပြန်ကြော်ဟင်းလျာလေး ရရှိသွားပါပြီ။

Source: Cookpad.com