မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ သစ်သီးလေးကို အသုံးပြုပြီး ကျောက်ကျောလေးထိုးစားကြည့်ရအောင်နော်။ အသီးထဲမှာမှ နဂါးမောက်သီးကို သုံးထားတာဆိုတော့ အရောင်လေးကတော်တော်လှမှာ အသေအချာပဲနော်။
ပါဝင်ပစ္စည်းများ
- နဂါးမောက်သီး အနီ – ၁လုံး (စက်ဖြင့် ကြိတ်ချေထားပါ)
- Aa Gar ကျောက်ကျော အပြာရောင် – ၁ ထုပ်
- သကြား – ၁၀ ကျပ်သား
- ဆား – ၂ ဇွန်း (လက်ဖက်ရည်ဇွန်း)
- ရေ – ၁ လီတာခွဲ
ပြုလုပ်နည်း
သန့်စင်ပြီး သကြား ၊ ဆား ၊ ကျောက်ကျောမှုန့် တို့ကို ရောမွှေထားပါ ။
ရေဆူအောင် ကျိုပြီး ကျောက်ကျော အရောထည့်ကာ ၁၅ မိနစ်ခန့် ကျိုမွှေပေးပါ ။
ပြီးလျှင် ကြိတ်ချေထားသော နဂါးမောက်သီး ထည့်၍ ၅ မိနစ်ခန့် ဆက်ကျိုပါ ။
ဗန်းထဲ ဖြည်းညင်းစွာ လောင်းထည့် အအေးခံပါ ။
လိုသလို လှီးဖြတ် စားသုံးနိုင်သော နဂါးမောက်သီး ကျောက်ကျောလေး ရပါပြီ ။
Credit: Mi Shwe Kwett