မင်္ဂလာပါ။ အစပ်ကြိုက်တဲ့ စာဖတ်ချစ်ပရိတ်သတ်များအတွက် ဒီတစ်ခါမှာ ကျန်းမာရေးနဲ့သင့်တော်မယ့် ငပိချက် ချက်နည်းလေးကို ပြောပြပေးချင်ပါတယ်။ ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ ဂွေးတောက်ရွက်ကို ထည့်ပြီးချက်ထားတာဆိုတော့ အကောင်းဆုံးပါပဲ။
ပါဝင်ပစ္စည်းများ
- ဂွေးတောက်ရွက်နုနု – လက်တစ်ဆုပ်စာ
- ပုဇွန် – ၃ ကောင် (သန့်စင်ပြီးသေးသေးလှီးဆားနနွှင်းလူးထားပါ)
- ငပိစိမ်းစား – အနည်းငယ်
- ကြက်သွန်နီ – ၁ လုံး နှုတ်နှုတ်စဉ်း
- ကြက်သွန်ဖြူ – ၅ မွှာ ထောင်းထားပါ
- ခရမ်းချဉ်သီး မှည့်မှည့် အသေး – ၁ လုံး ပါးပါးလှီး
- ဆီ – အနည်းငယ်
- ငါး ငံပြာရည် – အနည်းငယ်
- ရေ
ပြုလုပ်နည်း
ခြံစည်းရိုးမှာ နုဖက်ပြီး နွယ်နေတဲ့ ဂွေးတောက်ရွက်လေးတွေ ခူးပြီး ချက်စားဖြစ်တဲ့ ဟင်းလေးပါ။
ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ခရမ်းချဉ်သီးများ နွမ်းလာအောင် ဆီသပ်ပြီး ၊ ပုဇွန်ထည့် ခန မွှေပေးပြီး ငပိ ထည့်မွှေ ၊ ရေ သင့်ရုံထည့်ပါ။
ပွက်ပွက်ဆူလာလျှင် အပေါ့ငံ အတွက် ငံပြာရည် သင့်ရုံထည့် ဂွေးတောက်ရွက်လေးများထည့် ၊ ငရုပ်သီးများ ထောင်းရျ် (သို့မဟုတ်) ပါးပါးလှီး ထည့်ပါ။
မီးပိတ်ပြီး ပူပူနွေးနွေး ချိုဆိမ့်၊ ခါး၊ စပ်၊ ဟင်းလေး တစ်ခွက် ရပါြပ်ီ။
Credit: Soe’s Cooking Collection