ဒန့်ဒလွန်းသီး ကတော့ မြန်မာလူမျိူးများရဲ့ အကြိုက်ဆုံးသော အသီးအနှံ့တွေထဲကတစ်မျိုးပါ ။ ငါးရံ့နဲ့ ချက်တော့ အရသာကို ကြားယုံနဲ့ သရေယိုစရာပါ ။ ဖတ်ပြီး သရေယိုမနေနဲ့အုန်း ။ အိမ်ကသူတွေ ချက်ကျွေးလိုက်နော်…
ပါဝင်ပစ္စည်းများ
- ငါးရံ့ခြောက် – ၂ ကောင် (ရေဆေးပြီး၊ အနေတော် အတုံးလေးတွေတုံးပါ)
- အသီးအရွက်အရည် – ၁ ခွက် (ဟင်းချက်ရန်တိုင်းသောခွက်)
- ကြက်သားမှုန့် – ၂ ဇွန်း (လက်ဖက်ဇွန်း)
- မန်းကျီးနှစ် – ၂ ဇွန်း (လက်ဖက်ဇွန်း) နံ
- နံပင် – ၃ ပင် ( ခတ်ကြမ်းကြမ်းလေး တွေဖြတ်ထားပါ၊နောက်ဆုံးမှထည့်ပါ)
- မုန့်လာဥနီ – ၅ ဥ (အခွံခွာပြီး အနေတော်အတုံးများ တုံးထားပါ)
- အုပ်စု(က)
- ကြက်သွန်ဖြူ – ၅ မွှာ (ထောင်းထားပါ) ၃ မွှာ အရည်ညှစ်ယူထားပါ ။ ၂ မွှာ ပဲပြုတ်ထဲထည့်ရန် ။
- ကြက်သွန်နီ – ၄ လုံး (ထောင်းထားပါ)
- ချင်း – လက် ၂ ဆစ် (တစ်ဝက်ကို ထောင်းထားပါ) တစ်ဝက်ကို ပဲပြုတ်ထဲ ထည့်ပြုတ်ပါ။
- နနွင်းမှုန့် – တစ်ဝက်ဇွန်း (လက်ဖက်ဇွန်း)
- ဆီ – ၂ ဇွန်း (စားပွဲဇွန်း)
- အရောင်တင်မှုန့် – ၁ ဇွန်း (လက်ဖက်ဇွန်း)
- ငရုတ်သီးမှုန့် – ၁ ဇွန်း (လက်ဖက်ဇွန်း)
- ငံပြာရည် – ၁ ဇွန်း (လက်ဖက်ဇွန်း)
- အုပ်စု (ခ)
- ကုလားပဲ – ၁၅ ကျပ်သား (ပြုတ်ထားပါ)
- စပါလင် – တစ်ဝက် ချောင်း ( ပဲပြုတ်ရင်ထည့်ရန်)
- ဆား – ၁ ဇွန်း (လက်ဖက်ဇွန်း)
ပြုလုပ်နည်း
ပဲပြုတ်နည်း (အုပ်စု ခ)
- စောက်နက်အိုးထဲသို့ ပဲ ၊ ကြက်သားမှုန့် အနည်းငယ် ၊ ဆား ၊ ချင်း ၊ စပါးလင် နှင့် ကြက်သွန်ဖြူ တစ်ပြားရိုက်ထည့်ပါ ။ ကြက်ရိုး နဲ့ ပါဝင်ပစ္စည်းများ ရေမြုပ်တဲ့အထိ ထည့်ပြီး ပဲနူးအိတဲ့ အထိ တည်ပါ ။
- စောက်နက်အိုးထဲကို အသီးအရွက်ရေ ၊ မုန်လာဥ နှင့် ငါးခြောက်တုံးလေးများ ထည့်ပြီး တည်ထားပါ ။ မီးအနေတော်လေးနဲ့ပဲ တည်ထားပါ။
- ဒယ်အိုးထဲသို့ အုပ်စု(က) အားလုံးထည့်ပြီး ဆီသတ်ပါ ။ အားလုံးနွမ်းပြီး အရောင်လှလာလျှင် ငါးခြောက်တုံးများ အိုးထဲ ရောပါ ။ အားလုံး နှံ့အောင်မွှေပါ ။ မီးကို ပုံမှန် ထားပါ ။ ရေထပ် ရောပါ ။ ပွတ်ပွတ်ဆူအောင် တည်ပါ ။ ထည့်ထားသော ရေ အနည်းငယ် ခမ်းလာလျှင် ပြုတ်ထားသော ပဲနှင့် ကျန်ပစ္စည်းများ ထည့်ပါ ။
- ရေ လိုလျှင် အနည်းငယ် ထပ်ထည့်ပေးပါ ။ ဆားမြည်းပါ ။ လိုတာ ထပ်ဖြည့်ပါ ။ မီးဖိုပေါ်မှ မချခင် နံနံပင်ရွက်များ အုပ်ပါ ။ ပူပူလေး စားသုံးလျှင် ပိုသင့်တော်ပါတယ် ။