ဝက်နံရိုးကို တမူထူးဆန်းသွားအောင် ရေညှိနှင့် စွပ်ပြုတ်လုပ်သောက်ရအောင်။

ပါဝင်ပစ္စည်းများ

  • ဝက်နံရိုး ၅၀၀ ဂရမ်
  • ရေညှိ ခြောက် ၈၀ ဂရမ်
  • ဂျင်း လက်တစ်ဒစ်
  • ရေ ၄ လီတာ
  • ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ကြက်သွန်မြိတ်
  • နံနံပင် (အလှဆင်ရန်)

ပြုလုပ်နည်း

ဝက်နံရိုး

အိုးတစ်အိုးထဲ ရေထည့်ပြီး ရေပွက်ပွက်ဆူအောင် လုပ်ပါ။ ဝက်နံရိုးကို ထည့်ပါ။ ကြက်သွန်မြိတ်ကို ထည့်ပါ။ ၂ မိနစ် ၃ မိနစ်လောက် ပြုတ်ပြီးရင် ဝက်နံရိုးကို ထုတ်လိုက်ပါ။

ရေညှိခြောက်ကို ရေစိမ်ပြီး သေးသေးလေးတွေ လှီးပါ။ ဂျင်းကို ထောင်းပါ။

ရေ၊ ဂျင်း၊ ရေညှိ၊ နံရိုးတို့ကို High Pressure Cooker ထဲထည့်ပေါင်းပြီး ဟင်းချိုချက်ပါ။ ဆား အနည်းငယ်ထည့်ပြီး ၅ မိနစ် ၁၀ မိနစ်လောက် နူးညံ့တဲ့အထိ ချက်ပါ။

ဝက်နံရိုးပြုတ်ကို မစားခင် နံနံပင် ကြိုက်နှစ်သက်ရင် နံနံပင်လေးထည့်ပြီး စားလို့ရပါတယ်။

 

Photos Credit: Chinasichuanfood