ပါဝင်ပစ္စည်းများ
- ငါးရံ့ခြောက် – ၄၀သားခန့်တစ်ကောင်
- ခရမ်းချဉ်သီး – ၃၀သားခန့်
- နံနံပင် – ၃ပင်ခန့်
- ကြက်သွန်နီဥကြီး – ၂ဥခန့်
- ကြက်သွန်ဖြူအတက်ကြီး – ၂တက်ခန့်
- ငရုပ်သီး စိမ်း – ၁၅တောင့်ခန့်
- ဆား ထမင်းစားဇွန်း – တစ်ဇွန်း
- ဟင်းခတ်မှူန့် ထမင်းစားဇွန်း..တစ်ဇွန်း
- ထမင်းစားဇွန်းဝက် မဆလာ..အထုပ်သေးတစ်ထုပ်
- မျှင်ငါးပိ ..လက်ဖက်ဇွန်း – တစ်ဇွန်း
- နနွင်းမှုန့်- ထမင်းစားဇွန်းဝက်
- ဆီ – ၅ကျပ်သားခန့်
- ငရုပ်ပုသီး – ၆တောင့်ခန့်
ပြုလုပ်နည်း
- ငါးရံ့ခြောက် ကို ပိုင်းဖြတ်ပြီး ရေနွေးဖြင့် မီနစ်၂၀ခန့်စိမ်ထားပြီး ရေသန့်ဖြင့် ထပ်မံ ဆေးကြောကာ ဆား၊ နနွင်း၊ ဟင်းခတ်မှူန့် တို့ဖြင့် နယ်ထားပါ။
- ငရုပ်ပုသီးကို ပွလာအောင် ရေစိမ်ကာ ရေစစ်ပြီး ကြက်သွန်ဖြူ၊ ကြက်သွနီ ညက်အောင်ထာင်း ပြီးမှ မျှင်ငါးပိ ရောထောင်း ထားပါ။ ဒယ်အိုးထဲ ဆီထည့်ကာ အပူပေးပြီး ထောင်းထားသော ငရုပ်သီးများကို မွှေးနေအောင်ဆီသတ်ပြီး ငါးရံ့ခြောက် ထည့်ပါ။
- သမအောင် ရောကြော်ပြီး ခရမ်းချဉ်သီး ထည့်ပါ။ ခရမ်းချဉ်သီး နွမ်းတဲ့အထိ ကြော်ပြီး ဆုံဆေးရည်နှင့် ရေသန့်တို့ကို ငါးခြောက် အမြုပ် ထည့်ပြီး ဆူအောင်ထိ အဖုံးပိတ်၍ တည်ပါ။
- ငါးခြောက်နူး၍ ဆီပြန်လာသည့်အခါ.နံနံပင် နဲ့ ငရုပ်သီးစိမ်း အုပ်ကာ အပေါ့အငံမြညး၍ စားသုံးနိုင်ပါပြီ။
Credit: Thida Lay Lay