ပါဝင်ပစ္စည်းများ

  • ငါးရံ့ခြောက် – ၄၀သားခန့်တစ်ကောင်
  • ခရမ်းချဉ်သီး – ၃၀သားခန့်
  • နံနံပင် – ၃ပင်ခန့်
  • ကြက်သွန်နီဥကြီး – ၂ဥခန့်
  • ကြက်သွန်ဖြူအတက်ကြီး – ၂တက်ခန့်
  • ငရုပ်သီး စိမ်း – ၁၅တောင့်ခန့်
  • ဆား ထမင်းစားဇွန်း – တစ်ဇွန်း
  • ဟင်းခတ်မှူန့် ထမင်းစားဇွန်း..တစ်ဇွန်း
  • ထမင်းစားဇွန်းဝက် မဆလာ..အထုပ်သေးတစ်ထုပ်
  • မျှင်ငါးပိ ..လက်ဖက်ဇွန်း – တစ်ဇွန်း
  • နနွင်းမှုန့်- ထမင်းစားဇွန်းဝက်
  • ဆီ – ၅ကျပ်သားခန့်
  • ငရုပ်ပုသီး – ၆တောင့်ခန့်

ပြုလုပ်နည်း

  1. ငါးရံ့ခြောက် ကို ပိုင်းဖြတ်ပြီး ရေနွေးဖြင့် မီနစ်၂၀ခန့်စိမ်ထားပြီး ရေသန့်ဖြင့် ထပ်မံ ဆေးကြောကာ ဆား၊ နနွင်း၊ ဟင်းခတ်မှူန့် တို့ဖြင့် နယ်ထားပါ။
  2. ငရုပ်ပုသီးကို ပွလာအောင် ရေစိမ်ကာ ရေစစ်ပြီး ကြက်သွန်ဖြူ၊ ကြက်သွနီ ညက်အောင်ထာင်း ပြီးမှ မျှင်ငါးပိ ရောထောင်း ထားပါ။ ဒယ်အိုးထဲ ဆီထည့်ကာ အပူပေးပြီး ထောင်းထားသော ငရုပ်သီးများကို မွှေးနေအောင်ဆီသတ်ပြီး ငါးရံ့ခြောက် ထည့်ပါ။
  3. သမအောင် ရောကြော်ပြီး ခရမ်းချဉ်သီး ထည့်ပါ။ ခရမ်းချဉ်သီး နွမ်းတဲ့အထိ ကြော်ပြီး ဆုံဆေးရည်နှင့် ရေသန့်တို့ကို ငါးခြောက် အမြုပ် ထည့်ပြီး ဆူအောင်ထိ အဖုံးပိတ်၍ တည်ပါ။
  4. ငါးခြောက်နူး၍ ဆီပြန်လာသည့်အခါ.နံနံပင် နဲ့ ငရုပ်သီးစိမ်း အုပ်ကာ အပေါ့အငံမြညး၍ စားသုံးနိုင်ပါပြီ။

Credit: Thida Lay Lay