ဆတ်သားခြောက်ကို ချက်မစားချင်ဘူး၊ ရေနွေးကြမ်းလေးနဲ့ နူးနူးအိအိလေးစားချင်တယ်ဆိုသူတွေအတွက် ဖုတ်နည်းလေးကို ပြန်လည်ဝေမ ျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ဆတ်သားခြောက်
- ဆီ
- သံပုရာသီး
ပြုလုပ်နည်း
ဆတ်သားခြောက်ကို မကင်ခင် နာရီဝက်ခန့် ရေနွေးနွေးထဲတွင် စိမ်ထားပါ။ မီးသွေးမီးဖိုပေါ်တွင် မီးအေးအေးနှင့် ၁၀မိနစ်ခန့် ကင်လိုက် ထုလိုက် ကျက်သည် အထိလုပ်ပေးပါ။
ဆတ်သားခြောက် နူးအိသွားလျှင် မီးဖိုပေါ်မှချ၍ အအေးခံပါ။ အအေးခံထားသည့် ဆတ်သားခြောက်ကို မွပြီး ပဲဆီစစ်စစ်ဆမ်း စားလို့ရပါပြီ။
အချဉ်ကြိုက်က သံပုရာသီးကို ဆတ်သားခြောက် အပေါ်မှ ညှစ်၍ သုံးဆောင်နိုင်ပါသည်။
Credit: Pan Pan