ပါဝင်ပစ္စည်းများ

  • ဆတ်သားခြောက် – ၁၀ကျပ်သား
  • ခရမ်းချဉ်သီးမှည့် – ၂၅ကျပ်သား
  • ငရုတ်သီးအစိမ်းမှုန့် – ထမင်းစားဇွန်း ၂ဇွန်း
  • ကြက်သွန်နီအနေတော် – ၂လုံး
  • ကြက်သွန်ဖြူ – ၅မွှာ

Green Chilli

  • ငရုတ်သီးစိမ်း – စားနိုင်သလောက်
  • ငါးငံပြာရည် – ထမင်းစားဇွန်း ၁ဇွန်း
  • ဆီ – ထမင်းစားဇွန်း ၃ဇွန်း
  • ဂျင်းနှင့် ဆား – အနည်းငယ်
  • နံနံပင် – ၅ပင်

ပြင်ဆင်ပြုလုပ်နည်း

၁။ ဆတ်သားခြောက်ကို မချက်ခင် တစ်ညသိပ် ရေစိမ်ပါ ။ အနေတော် အတုံးလေးတွေ တုံးပါ ။

၂။ ခရမ်းချဉ်သီးမှည့်တွေကို အစေ့တွေ ဖယ်ထုတ်ပြီး ပါးပါးလှီးပါ ။

၃။ ကြက်သွန်ဖြူ ၊ နီ ၊ ဂျင်း ၊ ငရုတ်သီးအစိမ်းမှုန့်တို့ကို ညက်အောင် ထောင်းပါ ။

၄။ အိုးထဲကို ဆီအနည်းငယ် ထည့်ပြီး ဆူလာလျှင် ကြက်သွန်ထောင်းကို ထည့်ပြီး ဆီသတ်ပါ ။

၅။ လှီးထားသော ခရမ်းချဉ်သီးတွေကို ထည့်ပြီး လုံးပါ ။ အသားတွေ လိပ်ပြီး ဆီပြန်လာသည်အထိ တည်ပါ ။

၆။ ဆတ်သားခြောက်ကို ထည့်လုံးပါ ။ ရေနွေး ထည့်ပြီး အသားနူးအောင် တည်ပါ ။ ငါးငံပြာရည် ၊ ဆား အနည်းငယ် ထည့်ပါ ။

၇။ ငရုတ်သီးစိမ်းကို ထက်ခြမ်း ခြမ်းထည့်ပါ ။ မဆလာထည့်ပါ ။ အရသာအပေါ့အငန် ပြင်ပြီး နံနံပင် ထည့်ပါ ။ အသားနူးပြီဆိုလျှင် ရပါပြီ ။

ဆတ်သားခြောက်ချက်နှင့် တွဲစားမယ့် တို့စရာတွေကို ဆားရည် အရင်စိမ် ၊ ရေစင်စင် ဆေးပြီးမှ စားပါ ။

Credit: KaeKae’s FoodPalace