အားလုံးပဲ မင်္ဂလာပါ။ အနံ့မွှေးမွှေးလေးနဲ့ အရသာစပ်စပ်ကလေးကြိုက်နှစ်သက်သူများအတွက် ပုစွန်ထုပ်ဟင်းလျာ ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုစွန်ထုပ် ၆၀၀ ဂရမ်
  • ဟင်းသီးဟင်းရွက်ဆီ အနည်းငယ်
  • အုန်းနို့ စားပွဲတင်ဇွန်း ၁၀ ဇွန်း
  • ရေ အနည်းငယ်
  • ပုစွန်ခြောက်အနည်းငယ်

Source: Manettas.com.au

  • ကြက်သွန်နီ ၅ လုံး
  • ကြက်သွန်ဖြူ ၂ မြွှာ
  • ငရုတ်သီးအနီအတောင့်ရှည် ၆ တောင့်
  • စပါးလင် ၂ ချောင်း

  • ငါးငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြုလုပ်နည်းအဆင့်ဆင့်

ပထမဦးစွာ ပုစွန်ထုပ်များကို ဆေးကြောသန့်စင်ထားပါ (အခွံချွတ်ချင်လည်း ရသလို၊ အခွံမချွတ်ချင်ပါက ဒီအတိုင်း ချက်လို့လည်းရပါတယ်)။ ပုစွန်ခြောက်ကိုလည်း ထောင်းထားပါ။ ငရုတ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ စပါးလင်များကို ပါးပါးလှီးထားပြီး ကြိတ်စက်ထဲထည့်ကြိတ်ကာ အနှစ်ရအောင် ပြုလုပ်ပါ။

ထို့နောက် ပုစွန်ထုပ်များကို ဆီပူပူနဲ့တစ်မိနစ်ခန့် ကြော်လှော်ပြီးနောက် ပန်းကန်ထဲထည့်ထားပါ။ ထိုဒယ်အိုးထဲမှာပဲ ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းထည့်ပြီး ပုစွန်ခြောက်ထည့်ကြော်လိုက်ပါ။ ပြီးတဲ့အခါ ပန်းကန်သပ်သပ်ထဲထည့်ကာ ဖယ်ထားလိုက်ပါ။

နောက်တစ်ဆင့်အနေနဲ့ စောစောက ကြိတ်စက်ထဲကြိတ်ထားတဲ့ အနှစ်များကို ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ မိနစ်အနည်းငယ်ခန့် ကြော်ပေးလိုက်ပါ။ ထို့နောက် အုန်းနို့နဲ့ ရေတို့ထည့်ပြီး ဟင်းအနှစ်ပျစ်သွားအောင် ပြုလုပ်လိုက်ပါ။

မိနစ်အနည်းငယ်အကြာမှာ ကြော်ထားသော ပုစွန်ထုပ်များထပ်ထည့်ပြီး မွှေပေးလိုက်ပါ။ အကျက်မလွန်သွားဖို့ကို အထူးဂရုစိုက်ပေးရပါမယ်။

နှစ်မိနစ်လောက်ကြော်ပြီးတာနဲ့ ပန်းကန်ထဲပြောင်းထည့်ပြီး ကြော်ထားသော ပုစွန်ခြောက်မှုန့်လေးဖြူးလိုက်မယ်ဆိုရင် အရသာရှိတဲ့ဟင်းလျာတစ်ခွက် ရရှိသွားပါပြီ။

Source: Kitchenbowl.com