ကိုယ်အလေးချိန်လည်းလျော့ချလိုတယ်၊ ကျန်းမာရေးနဲ့ညီညွတ်ပြီး ကျစ်လျစ်လှပတဲ့ ကိုယ်ခန္ဓာကိုလည်း ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ယခုဖော်ပြပေးမယ့်အိမ်လုပ်ဖျော်ရည်လေးတွေကို သောက်သုံးပေးနိုင်ပါတယ်နော်။

အခြေခံလုပ်နည်းလေးတွေဖြစ်လို့ ကိုယ်ကြိုက်နှစ်သက်တဲ့အတိုင်း ပြန်လည်ပြုပြင်နိုင်မှာဖြစ်ပြီး အရသာလည်းအလွန်ရှိမှာပါနော်။

သခွားသီးအဆီကျဖျော်ရည်

ပါဝင်ပစ္စည်းများ

သခွားသီး – ၁ လုံး

နံနံပင် – လက်တစ်ဆုပ်စာ

သံပုယိုသီး – ၁ လုံး

ဂျင်း (ထောင်းပြီးသား) – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ရှားစောင်းလက်ပတ်အရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ရေ – ခွက်တစ်ဝက်ခန့်

ပြုလုပ်ပုံ

ဖော်ပြထားတဲ့ ပါဝင်ပစ္စည်းအကုန်လုံးကို အရည်ညှစ်ပြီး အိပ်ရာမဝင်ခင်သောက်သုံးပေးပါ။ တစ်လသောက်ပြီး တစ်ပတ်နားပေးကာ လိုအပ်လျှင် ပြန်စပေးနိုင်ပါတယ်။

ဂရိတ်ဖရုနှင့်သစ်ကြံပိုးခေါက်ဖျော်ရည်

ပါဝင်ပစ္စည်းများ

ဂရိတ်ဖရုအရည် – ၅၀၀ မီလီလီတာ

စပါကလင်ရေ – ၅၀၀ မီလီလီတာ

ရေ – ၁ ခွက်

သစ်ကြံပိုးခေါက် – ၂ ချောင်း

စမုန်စပါးစေ့ – ၁ စေ့

ပူစီနံ၊ ရေခဲ၊ သကြားအနည်းငယ်

ပြုလုပ်နည်း

သကြား၊ ရေနှင့် သစ်ကြံပိုးခေါက်တို့ကို ဒယ်အိုးထဲပေါင်းထည့်ပြီး အချိုရည်ရအောင်လုပ်ပါ။ သကြားမပျော်မချင်း ငါးမိနစ်မှဆယ်မိနစ်အထိ မွှေပေးပါ။ အအေးခံပြီး အသီးအရည်တွေ၊ အချိုရည်နှင့် စပါကလင်ရေတို့ကို ခရားတစ်ခုထဲမှာ ရောမွှေပါ။ ရေခဲနှင့် ပူစီနံ၊ စမုန်စေ့တို့ကို ထည့်ပြီးရင် သောက်သုံးနိုင်ပါပြီ။

ပူရှိန်းရှိန်းလေးနဲ့ အိန္ဒိယစတိုင်ဖျော်ရည်

ပါဝင်ပစ္စည်းများ

သံပရာသီး – ၄ လုံး

ဂျင်း၊ ပူစီနံ

စပါကလင်ရေ – ၁ လီတာ

ရေ – ခွက်တစ်ဝက်ခန့်

ရေခဲ၊ သကြားအနည်းငယ်

ပြုလုပ်ပုံအဆင့်ဆင့်

သံပရာသီးအချိုု့ကိုအရည်ညှစ်ပြီး သကြားနှင့် ရေခွက်တစ်ဝက်ကို ဒယ်အိုးထဲပေါင်းထည့်ကာ သကြားအရည်ပျော်သည်အထိ မွှေပေးပါ။ ဂျင်းကို ခြစ်ပြီး အချိုရည်ထဲပေါင်းထည့်ပါ။ ပွက်လာပြီဆိုရင် မီးပိတ်လိုက်ပြီး အအေးခံပါ။ သံပရာရည်၊ စပါကလင်ရေနှင့်ရေခဲတို့ကို ရောထည့်ပြီး ပူစီနံ၊ သံပရာသီးအခြမ်းလေးတွေနဲ့ အလှဆင်ပြီးရင် အရသာရှိရှိသောက်သုံးနိုင်ပါပြီ။