ပင်လယ်စာချစ်သူများအတွက် ဒီတစ်ခါမှာတော့ သံပုယိုရည်အရသာလေး စိမ့်ဝင်နေတဲ့ ပုစွန်ကြွပ်ကြော် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုစွန်ထုပ် ၁ ပေါင်
  • ဝီစကီ စားပွဲတင်ဇွန်း ၈ ဇွန်း
  • ကြက်သွန်ဖြူမှုန့်၊ ကြက်သွန်နီအမှုန့်၊ ငရုတ်သီးမှုန့်၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ သစ်ကြမ်းပိုးခေါက်အမှုန့်၊ ဇီရာမှုန့် စသည့်ဟင်းခပ်အမွှေးအကြိုင်အရောအနှော စားပွဲတင်ဇွန်း ၂ ဇွန်း
  • သံပုယိုရည် စားပွဲတင်ဇွန်း ၄ ဇွန်း
  • နံနံပင် စားပွဲတင်ဇွန်း ၁ ဇွန်း

Source: Amazon.com

  • သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပုစွန်ကို အခွံခွာထားပြီး သန့်စင်အောင် ရေဆေးထားပါ။

၂။ ပန်းကန်လုံးတစ်လုံးထဲတွင် ဝီစကီ၊ သံပုယိုရည်နှင့် ဟင်းခပ်အမွှေးအကြိုက်တို့ကို သမအောင် ရောမွှေထားပါ။ ထို့နောက် ပုစွန်ထည့်နယ်ကာ ၅ မိနစ်ခန့် နှပ်ထားပါ။

၃။ ဒယ်အိုးကို အပူပေးပြီး သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ဆီပူလာပါက ပုစွန်ထုပ်များထည့်ကာ ၂ မိနစ် ၃ မိနစ်ခန့် ကြော်ပါ။

ထို့နောက် အခြားတစ်ဖက်သို့လှန်ပါ။ ပုစွန်နှပ်ထားသောအရည် စားပွဲတင်ဇွန်း ၄ ဇွန်းခန့်ထည့်ကာ နောက်ထပ် ၃ မိနစ်ခန့် တည်ပါ။

အားလုံးပြီးသွားတဲ့အခါမှာတော့ သံပုယိုရည်အရသာလေးစိမ့်ဝင်နေတဲ့ ပုစွန်ကြော်များ ရရှိသွားပါပြီ။

Source: Jocooks.com