ဘဲသားကို အိမ်မှာ ချက်စားကျတဲ့ ရာခိုင်းနှုန်း နည်းပါး ပါတယ်။ အိမ်ရှင်မ အတော်များများက ဘဲသားချက်လျင် ညှီနံ့ နံလို့ ဆိုပြီး အိမ်သားများ ဘဲသားစားခြင်တယ်လို့ ပူဆာလျင် ခေါင်းစားရတတ်ကျပါတယ်။ အိမ်ရှင်မတွေ အတွက် စည်ကိုယ်တိုင် စပ်ထားသော ဟင်းခတ်မှုန့်လေးနဲ့ ချက်ထားသော ဘဲသား ချက်နည်းလေး ရှယ်ပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ဘဲသား – တစ်ခြမ်း (အနေတော် အတုံးများ တုံးထားပါ)
- အုပ်စု (က)
- ဘဲသားကို ဆားနယ်ထားရန်
- နာနတ်ပွင့် – ၅ ပွင့် (ကြိတ်ထားပါ)
- လေးညှင်းပွင့် – ၃ ပွင့် (ကြိတ်ထားပါ)
- ဇီရာစေ့ – ၁ ဇွန်း (လက်ဖက်ဇွန်း/ ကြိတ်ထားပါ)
- ငရုတ်ကောင်းစေ့အဖြူ – ၁/၄ ပုံ (လက်ဖက်ဇွန်း / ကြိတ်ထားပါ)
- ငရုတ်ကောင်းစေ့အနက် – ၁/၄ ပုံ (လက်ဖက်ဇွန်း / ကြိတ်ထားပါ)
- နံနံစေ့ – တစ်ဝက်ဇွန်း (လက်ဖက်ဇွန်း / ကြိတ်ထားပါ)
- ဆား – ၂ ဇွန်း (လက်ဖက်ဇွန်း)
- ပဲငံပြာရည် အချို – ၂ ဇွန်း ခွဲ (လက်ဖက်ဇွန်း)
- အုပ်စု (ခ) အနှစ်ဆီသတ်ရန်
- ကရဝေးရွက် – ၃ ရွက်
- သစ်ကြပိုးခေါက် – ၁ ခေါက်
- ကြက်သွန်ဖြူ – ၃ မွှာ (ထောင်းထားပါ)
- ချင်း – ၁ စိတ် (ထောင်းထားပါ)
- ကြက်သွန်နီ – ၃ လုံး (ထောင်းထားပါ)
- ငရုတ်သီးမှုန့် – ၁ ဇွန်း (စားပွဲဇွန်း)
- ပဲပိစပ်ဆီ – ၆ ဇွန်း (စားပွဲဇွန်း)
- နနွင်း – ၁ ဇွန်း (လက်ဖက်ဇွန်း)
- အရောင်တင်မှုန့် – ၂ ဇွန်း (လက်ဖက်ဇွန်း)
- ငံပြာရည် – ၁ ဇွန်း ခွဲ (လက်ဖက်ဇွန်း)
ချက်ပြုတ်နည်း
- ဖန်ဇလုံအကြီးထဲတွင် အုပ်စု (က) ပစ္စည်းများ အားလုံးနှင့် ဘဲသား ထည့်ပြီးသေချာ နှံ့အောင် လက်ဖြင့် နယ်နှပ်ထားပါ ။
- အိုးထဲသို့ ဆီထည့်ပြီး ဆီပူလာလျှင် အုပ်စု (ခ)ကို ထည့်ပြီး ဆီသတ်ပါ ။ အနံမွှေးပြီး အားလုံး နွမ်းလာလျှင် ဘဲသားတုံးလေး များထည့်ပါ ။ ဆီသတ်ထားသော အနှစ်နဲ့နှံအောင် လုံးပါ ။ ပြီးမှ ရေကို နည်းနည်းချင်း ထည့်ပေးပြီး မီးအနေတော်ဖြင့် အဖုံး အုပ်ပြီး နှပ်ထားပါ ။ ၁၅ မိနစ်လောက် နှပ်ပြီးလျှင် ဘဲသား နူးမနူး ခရင်းဖြင့် ထိုး၍ စစ်ကြည့်ပါ ။
- ဘဲသားတုံးလေးများ အလွယ်တစ်ကူ ထိုးဖဲ့လို့ ရလာလျှင် ဆားမြည်းပါ ။ လိုတာ ထပ်ဖြည့်ပါ ။ အနှစ်ဆီ ပြန်အောင် ထားပါ ။ အုန်းထမင်း ၊ သီးစုံထမင်း ၊ ထောပတ်ထမင်း များဖြင့်တွဲဖက်စားလျှင် လိုက်ဖက်ပါတယ် ။