ဘဲသားကို အိမ်မှာ ချက်စားကျတဲ့ ရာခိုင်းနှုန်း နည်းပါးပါတယ် ။ အိမ်ရှင်မ အတော်များများက ဘဲသားချက်လျင် ညှီနံ့နံ့လို့ဆိုပြီး အိမ်သားများ ဘဲသားစားချင်တယ်လို့ ပူဆာလျင် ခေါင်းစားရတတ်ကျပါတယ်။ အိမ်ရှင်မတွေအတွက် မစည့် ကိုယ်တိုင် စပ်ထားသော ဟင်းခတ်မှုန့်လေးနဲ့ ချက်ထားသော ဘဲသား ချက်နည်းလေး ရှယ်ပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ – အုပ်စု (က) ဘဲသားကို ဆားနယ်ထားရန်
- ဘဲသား – တစ်ခြမ်း (အနေတော် အတုံးများတုံးထားပါ)
- နာနတ်ပွင့် – ၅ ပွင့် (ကြိတ်ထားပါ)
- ဇီရာစေ့ – ၁ ဇွန်း လက်ဖက်ဇွန်း (ကြိတ်ထားပါ)
- လးညှင်း – ၃ ပွင့် (ကြိတ်ထားပါ)
- ငရုတ်ကောင်းစေ့အဖြူ – ၁/၄ ပုံ လက်ဖက်ဇွန်း (ကြိတ်ထားပါ)
- ငရုတ်ကောင်းစေ့အနက် – ၁/၄ ပုံ လက်ဖက်ဇွန်း (ကြိတ်ထားပါ)
- နံနံစေ့ – တစ်ဝက်ဇွန်း လက်ဖက်ဇွန်း (ကြိတ်ထားပါ)
- ဆား – ၂ ဇွန်း လက်ဖက်ဇွန်း
- ပဲငံပြာရည်အချို – ၂ ဇွန်း ခွဲ လက်ဖက်ဇွန်း
ချက်ပြုတ်နည်း
- ဖန်ဇလုံ အကြီးထဲ အုပ်စု (က) ပစ္စည်းများ အားလုံးနှင့် ဘဲသားထည့်ပြီး သေချာ နှံ့အောင် လက်ဖြင့် နယ်နှပ်ထားပါ ။
- အိုးထဲသို့ ဆီထည့်ပြီး ဆီပူလာလျှင် အုပ်စု (ခ) ကိုထည့်ပြီး ဆီသတ်ပါ။ အနံ့မွှေးပြီးအားလုံး နွမ်းလာ လျှင် ဘဲသားတုံးလေး များထည့်ပါ။ ဆီသတ်ထား သောအနှစ်နဲ့ နှံအောင် လုံးပါ ။ ပြီးမှာ ရေကို နည်းနည်းချင်း ထည့်ပေးပြီး မီးအနေတော်ဖြင့် အဖုံးအုပ်ပြီး နှပ်ထားပါ ။ ၁၅ မိနစ်လောက် နှပ်ပြီးလျှင် ဘဲသား နူးမနူး ခရင်းဖြင့် ထိုး၍ စစ်ကြည့်ပါ။
- ဘဲသားတုံးလေးများ အလွယ်တစ်ကူ ထိုးဖဲ့လို့ ရလာလျှင် ဆားမြည်းပါ။ လိုတာ ထပ်ဖြည့်ပါ ။ အနှစ်ဆီပြန်အောင် ထားပါ ။ အုန်းထမင်း ၊ သီးစုံထမင်း ၊ ထောပတ်ထမင်း များဖြင့် တွဲဖက်စားလျှင် လိုက်ဖက်ပါတယ် ။
အုပ်စု (ခ) အနှစ်ဆီသတ်ရန်
- ကရဝေးရွက် – ၃ ရွက်
- သစ်ကြပိုးခေါက် – ၁ ခေါက်
- ချင်း – ၁ စိတ် (ထောင်းထားပါ)
- ကြက်သွန်ဖြူ – ၃ မွှာ (ထောင်းထားပါ)
- ကြက်သွန်နီ – ၃ လုံး (ထောင်းထားပါ)
- အရောင်တင်မှုန့် – ၂ ဇွန်း လက်ဖက်ဇွန်း
- ငရုတ်သီးမှုန့် – ၁ ဇွန်း စားပွဲဇွန်း
- ပဲပိစပ်ဆီ – ၆ ဇွန်း စားပွဲဇွန်း
- နနွင်း – ၁ ဇွန်း လက်ဖက်ဇွန်း
- ငံပြာရည် – ၁ ဇွန်း ခွဲ လက်ဖက်ဇွန်းCredit: Syilwin Foodsgarden