ဒူးရင်းသီးထွက်တဲ့ ရာသီနဲ့တော့ အတော်ပါပဲ။ လူကြိုက်များတဲ့ ဒူးရင်းသီး ခေါင်းအုံးပုံစံ မုန့်လေး (Durian Pillow) လေးကို လုပ်စားကြည့်ရအောင်။ အပြင်မှာ စားရင် တစ်ပွဲကို ၇ ထောင်၊ ၈ ထောင်ပေးနေရတာကို အိမ်မှာ သက်သက်သာသာနဲ့လုပ်စားကြည့်ရအောင်။

ပါဝင်ပစ္စည်းများ

ဂျုံမှုန့် ၂၅၀ ဂရမ်

ကြက်ဥ ၃ လုံး

နွားနို့ 500 ml

ဆား လက်ဖက်ရည်ဇွန်း ရဲ့ တစ်ဝက်

ဒူးရင်းသီး အနည်းငယ်

ခရင်မ်အတွက်

Whipping Cream 300 ml နဲ့ သကြား 60 ဂရမ်

ပြုလုပ်နည်း

ဂျုံမှုန့်၊ ကြက်ဥ၊ နွားနို့၊ ဆားတို့ကို ဖျော်စက်ထဲမှာ ထည့်ဖျော်ပါ။ သေချာကြေညက်သွားတဲ့အထိကို မွှေပါ။ ဇကာနဲ့ စစ်လိုက်ပါ။

ပြီးရင် ၁၅ မိနစ်လောက် ခဏထားလိုက်ပါ။ ဒီအချိန်မှာ ဒူးရင်းသီးထဲက ဒူးရင်းအသားတွေကို ခရင်းနဲ့ မွှေလိုက်ပါ။ ဖျော်စက်နဲ့ မွှေလိုက်ရင် ဒူးရင်းအမျှင်တွေပြတ်ကုန်တာကြောင့် သိပ်မကောင်းပါဘူး။

ဒယ်အိုးအပြားကို အပူပေးပြီး အနှစ်တွေကို လောင်းထည့်လိုက်ပါ။ ဒယ်အိုးတစ်ခုလုံး ပြည့်နေအောင် အိုးကို စောင်းပေးပါ။

တစ်မိနစ် သို့ ၂ မိနစ်လောက် မီးပေါ်တင်လိုက်၊ မီးပေါ်ကနေ ဖယ်လိုက်နဲ့ အနှစ်တွေကို အရမ်းအိုးမကပ်ဘဲနဲ့ ကျက်သွားအောင်လုပ်ပါ။

ကြက်ဥအပြားလေးပေါ်မှာ ခရင်မ်တွေကို ထည့်ပါ။

ဒူးရင်းအဖတ်လေးတွေကိုထည့်ပါ။

ပြီးရင် ခေါင်းအုံးလေးလို ခေါက်လိုက်ပါ။

ဒါဆိုရင် စားလို့ရပါပြီနော်။

ခရင်မ်ပြုလုပ်နည်း

ခရမ်ကို သကြားနဲ့ ရောပြီး ထားလိုက်ပါ။ခရမ်နဲ့ ဒူးရင်းကို တခါတည်းရောထားလို့လည်းရသလို သပ်သပ်စီ ခွဲပြီးထည့်လည်းရပါတယ်။

Photo Credit: peppers-love.blogspot.com