Oreo အရမ်းကြိုက်တဲ့သူတွေအတွက် ပူပြင်းတဲ့နွေရာသီမှာ Oreo ရေခဲချောင်းလုပ်စားလို့ရအောင် အလွယ်ကူဆုံးနည်းလမ်းလေးကို မျှဝေပေးလိုက်ပါတယ်။

Oreo ရေခဲချောင်းလုပ်ဖို့ လိုအပ်တဲ့ပါဝင်ပစ္စည်းကတော့ ရေခဲချောင်းလုပ်တဲ့တုတ်၊ အသင့်သောက်နွားနို့ဘူးနဲ့ Oreo ကွတ်ကီးအထုပ်တွေပါပဲ။

လုပ်ရမယ့်နည်းလမ်းကတော့ Oreo ကွတ်ကီးအထုပ်လေးတွေကိုယူပြီး အထဲက ကွတ်ကီးတွေကြေအောင် လက်နဲ့ပဲဖြစ်ဖြစ် ဖိချလိုက်ပါ။ ပြီးရင် ကတ်ကြေးနဲ့ အထုပ်ကို ထိပ်ကနေ ညီညီညာညာညှပ်ပြီး ဘူးထဲတန်းစီထောင်ထည့်ထားပါ။

အသင့်သောက်နွားနို့ဘူးကိုဖောက်ပြီး အထုပ်တွေထဲထည့်ပါ။

ပြီးရင် တုတ်လေးတွေထိုးပြီး ရေခဲသေတ္တာထဲ တစ်ညထည့်ထားပါ။

ခဲသွားရင်တော့ အိတ်ကို ကတ်ကြေးနဲ့ထိုးညှပ်ပြီး စားလို့ရပါပြီ။ ဒါကတော့ အလွယ်ကူဆုံးနည်းလမ်းနဲ့ Oreo ရေခဲချောင်းလုပ်တဲ့ နည်းလမ်းပါ။

Source: www.funcookingwithyackikuka