အားလုံးပဲ မင်္ဂလာပါ။ အစားအစာတွေကို အရသာရှိရုံသာမက လှလှပပနဲ့ ချစ်စရာကောင်းအောင် အလှဆင်ချင်သူတွေအတွက် ချစ်စရာကောင်းတဲ့ ကြက်ကလေး ကြက်ဥပြုတ်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥပြုတ် (သို့) ဘဲဥပြုတ် ၁၂ လုံး
  • မိရောနိစ် ပန်းကန်လုံး ၃ ပုံ ၁ ပုံ ခန့်
  • မုန်ညင်းနှစ် (သို့) ဝိုင်ဖြူရှာလကာရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ တစ်ဝက်ခန့်

  • ကြက်သွန်ဖြူအမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ ခန့်
  • ဆားအနည်းငယ်
  • မုန်လာဥနီ ၁ လုံး
  • အမဲရောင် သံလွင်သီး ၆ လုံး

ပြုလုပ်နည်း အဆင့်ဆင့်

ပြုတ်ထားတဲ့ ကြက်ဥများကို ပုံပါအတိုင်း လှီးဖြတ်ပေးရပါမယ်။ ကြက်ဥကို ထောင်တဲ့အခါ အောက်ခြေငြိမ်ဖို့အတွက် ကြက်ဥဖင်ပိုင်းကို အနှစ်မပါအောင် ဖြတ်ပေးရမှာဖြတ်ပြီး ကြက်ဥထိပ်ပိုင်းကိုတော့ အနှစ်အနည်းငယ်ပါအောင် ဓားထက်ထက်တစ်ချောင်းနဲ့ ဖြတ်လိုက်ပါ။

ထို့နောက် ပန်းကန်လုံးအကြီးထဲမှာ ကြက်ဥအနှစ်များကို ဖယ်ထုတ်လိုက်ပါ။ ခရင်းတစ်ချောင်းနဲ့ ကြက်ဥအနှစ်များကို ချေလိုက်ပါ။ ထို့နောက် ပန်းကန်လုံးထဲသို့ မိရောနိစ်၊ မုန်ညင်းနှစ် (သို့) ဝိုင်ဖြူရှာလကာရည်၊ ကြက်သွန်ဖြူ၊ ဆားတို့ထည့်ပြီး ရောမွှေလိုက်ပါ။ ထို့နောက် ရရှိလာတဲ့ ကြက်ဥခရင်မ်များကို ကိတ်မုန့်ပြုလုပ်တဲ့အခါ အသုံးပြုတဲ့ ခရင်မ်ညစ်သောအိတ်ထဲသို့ ပြောင်းထည့်လိုက်ပါ။ ထိုကြက်ဥခရင်မ်များကို ကြက်ဥအကာထဲ ညစ်ထည့်လိုက်ပါ။

ကြက်ပေါက်ရဲ့ မျက်လုံးအတွက် အမဲရောင်သံလွင်သီး ၆ လုံးကို ပိုက်ကြီးကြီးတစ်ချောင်းနဲ့ အခုလိုပဲ ဖောက်ပေးလိုက်ပါ။ ကြက်ပေါက်ရဲ့ ပါးစပ်နဲ့ နှုတ်ခေါင်းအတွက် မုန်လာဥနီကို အခွံခွာပြီး အဝိုင်းပါးပါးလေးလှီးကာ တစ်ဝိုင်းကို ပုံပါအတိုင်း ၆ စိတ် စိတ်ပါ။

ပြီးတဲ့အခါ ကြက်ကလေးရဲ့ မျက်လုံးနဲ့ ပါးစပ်ကို တပ်ဆင်ပြီးတဲ့အခါ ကြက်ဥအကာကို အပေါ်က ပြန်ပိတ်လိုက်ပါ။

ထို့နောက် ဟင်းရွက်စိမ်းလေးတွေနဲ့ အလှဆင်ပေးလိုက်မယ်ဆိုရင်တော့ ချစ်စရာကောင်းပြီး အရသာရှိတဲ့ ကြက်ပေါက်ကလေး ကြက်ဥပြုတ်ကိုရရှိသွားပါလိမ့်မယ်။

Source: natashaskitchen.com