အိမ်မှာမုန့်လုပ်စားချင်သူများအတွက် ပါဝင်ပစ္စည်း ၃ မျိုးထဲနဲ့ အရသာရှိအောင် လွယ်လွယ်ကူကူလုပ်လို့ရမယ့် Macaroni လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

Cheddar Cheese – ၂၀၀ ဂရမ်ကို ခြစ်ချလိုက်ပါ။ ဒယ်အိုးထဲကို နွားနို့ – ၁ လီတာထည့်ကျိုပါ။ ပွက်ပွက်ဆူလာပြီဆိုရင် dry pasta – ၄၃၀ ဂရမ်ကိုထည့်ပြီး မွှေပေးပါ။

ခဏနေရင် ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ငရုပ်ကောင်းမှုန့် – အနည်းငယ်၊ အရောင်တင်ငရုပ်မှုန့် – အနည်းငယ်ထည့်မွှေပြီး ၁၀ မိနစ်လောက် တည်ထားပါ။

အချိန်ပြည့်ရင်ထပ်မွှေပြီး ပျစ်သွားပြီဆိုရင် မီးဖိုပေါ်က ချလိုက်ပါ။ ပြီးတာနဲ့ ခုနကခြစ်ချထားတဲ့ Cheese တွေကိုထည့်ပြီး နယ်လိုက်ပါ။

အားလုံးပြီးရင်တော့ ကိုယ်စားမယ့်ပန်းကန်ထဲထည့်ပြီး စားလို့ရပါပြီ။ ဒါဆိုရင်တော့ အရသာရှိတဲ့ Cheese Macaroni လုပ်နည်းလေး ပြီးသွားပါပြီ။

Source: www.thecookingfoodie