အားလုံးပဲမင်္ဂလာပါနော်။ ဟင်းမရှိလို့ တစ်ခုခု ချက်စားမယ် စိတ်ကူးတဲ့အခါ ကြက်ဥကို လူတိုင်း သတိရကြမှာပါနော်။
ပြုလုပ်ရလွယ်ကူပြီး လူတိုင်းလည်း ကြိုက်ကြတယ်။ လူတိုင်းလည်းချက်စားကြတဲ့ ကြက်ဥမွေကြော်ပြုလုပ်နည်းကို မျှဝေပေးသွားမှာဖြစ်ပါတယ်။
အသီးအရွက်လေးတွေနဲ့ အရသာရှိရှိ ကြော်မှာဆိုတော့ စာဖတ်သူတို့ အားလုံး အကြိုက်ပဲဖြစ်မယ်လို့ ယုံကြည်ပါတယ်နော်။
ပါဝင်ပစ္စည်း
- ကြက်ဥ ၂ လုံး
- ထောပတ် (သို့) ဆီ
- ချိသ်အနည်းငယ်
- ကြက်သွန်နီ အတုံးသေးသေးလေးတွေ လှီးပါ စားပွဲတင်ဇွန်း ၃ ဇွန်း
- ငရုတ်ပွသီး အနီ၊ အစိမ်း နဲ့ အဝါသီး အတုံးသေးသေးလှီးပါ စားပွဲတင်ဇွန်း ၆ ဇွန်း
- ဆား
- ငရုတ်ကောင်းမှုန့်
ပြုလုပ်နည်း
အရင်ဆုံးကြက်ဥကို ခလောက်ပြီး သေချာမွှေပေးလိုက်ပါ။
ဆား ၊ ငရုတ်ကောင်းမှုန့်ထည့်ပါ။
ထောပတ် (သို့)ဆီကိုအပူပေးပြီးအသီးအရွက်တွေ ထည့်ကြော်လိုက်ပါ။
ရပြီဆိုရင်တော့ ဆယ်ထားလိုက်ပါ။
ကြက်ဥကို ဆီပူပူနဲ့ ထည့်ကြော်လိုက်ပါ။
အဲဒီနောက် အသီးအရွက်တွေနဲ့ ချိစ်ကိုအပေါ်ကနေ ထည့်ပေးလိုက်ပါ။
အဖုံးခဏအုပ်ပေးထားလိုက်ပြီး ၂ မိနစ်လောက်ထားပါ။
ပြီးရင် ကြက်ဥကို တစ်ဖက် ခေါက်လိုက်ပါ။
ဒါဆိုရင်တော့ အရသာရှိတဲ့ ကြက်ဥမွေကြော်ပူပူလေး သုံးဆောင်လို့ရပါပြီနော်။
Source: www.fabhow.com
By: MyFood Myanmar