အားလုံးပဲမင်္ဂလာပါနော်။ ဟင်းမရှိလို့ တစ်ခုခု ချက်စားမယ် စိတ်ကူးတဲ့အခါ ကြက်ဥကို လူတိုင်း သတိရကြမှာပါနော်။

ပြုလုပ်ရလွယ်ကူပြီး လူတိုင်းလည်း ကြိုက်ကြတယ်။ လူတိုင်းလည်းချက်စားကြတဲ့ ကြက်ဥမွေကြော်ပြုလုပ်နည်းကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

အသီးအရွက်လေးတွေနဲ့ အရသာရှိရှိ ကြော်မှာဆိုတော့ စာဖတ်သူတို့ အားလုံး အကြိုက်ပဲဖြစ်မယ်လို့ ယုံကြည်ပါတယ်နော်။

ပါဝင်ပစ္စည်း

  • ကြက်ဥ ၂ လုံး
  • ထောပတ် (သို့) ဆီ
  • ချိသ်အနည်းငယ်
  • ကြက်သွန်နီ အတုံးသေးသေးလေးတွေ လှီးပါ စားပွဲတင်ဇွန်း ၃ ဇွန်း

  • ငရုတ်ပွသီး အနီ၊ အစိမ်း နဲ့ အဝါသီး အတုံးသေးသေးလှီးပါ စားပွဲတင်ဇွန်း ၆ ဇွန်း
  • ဆား
  • ငရုတ်ကောင်းမှုန့်

ပြုလုပ်နည်း

အရင်ဆုံးကြက်ဥကို ခလောက်ပြီး သေချာမွှေပေးလိုက်ပါ။

ဆား ၊ ငရုတ်ကောင်းမှုန့်ထည့်ပါ။

ထောပတ် (သို့)ဆီကိုအပူပေးပြီးအသီးအရွက်တွေ ထည့်ကြော်လိုက်ပါ။

ရပြီဆိုရင်တော့ ဆယ်ထားလိုက်ပါ။

ကြက်ဥကို ဆီပူပူနဲ့ ထည့်ကြော်လိုက်ပါ။

အဲဒီနောက် အသီးအရွက်တွေနဲ့ ချိစ်ကိုအပေါ်ကနေ ထည့်ပေးလိုက်ပါ။

အဖုံးခဏအုပ်ပေးထားလိုက်ပြီး ၂ မိနစ်လောက်ထားပါ။

ပြီးရင် ကြက်ဥကို တစ်ဖက် ခေါက်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကြက်ဥမွေကြော်ပူပူလေး သုံးဆောင်လို့ရပါပြီနော်။

Source: www.fabhow.com

By: MyFood Myanmar