ကလေးလူကြီးမရွေးစားသုံးနိုင်တဲ့ အာဟာရရှိတဲ့ ကြက်ဥပေါင်း ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။ ဒီကြက်ဥပေါင်းကို အစာပြေအနေနဲ့ စားသုံးနိုင်သလို၊ ကိုရီးယားတွေစားသလို ထမင်းဖြူနဲ့ ကင်မ်ချီနဲ့ တွဲဖက်ပြီးတော့လည်း စားသုံးနိုင်တာကြောင့် အိမ်မှာအလွယ်တကူ လုပ်စားလို့ အရမ်းအဆင်ပြေပါတယ်။

ကြက်ဥပေါင်းပြုလုပ်ဖို့ အဓိကလိုအပ်တဲ့ ပါဝင်ပစ္စည်းကတော့ ကြက်ဥ ၃ လုံး၊ မုန်လာဥနီနဲ့ ကြက်သွန်မြိတ်တို့ပဲ ဖြစ်ပါတယ်။

စတင်ပြုလုပ်ဖို့ ပန်းကန်လုံးထဲကို ကြက်ဥ ၃ လုံးဖောက်ထည့်ပြီး မွှေပါ။ ရေကို ခွက်ရဲ့ သုံးပုံ ပုံ တစ်ပုံစာထည့်ပြီး ဆား – အနည်းငယ်၊ သကြား – အနည်းငယ်နဲ့ နှမ်းဆီ – လက်ဖက်ရည်ဇွန်းတစ်ဝက် ထည့်ကာ မွှေပေးပါ။

မုန်လာဥနီကို ပုံမှာပြထားတဲ့ပမာဏလောက် သေးသေးလေးတွေလှှီးထည့်ပါ။ ကြက်သွန်မြိတ်ကိုလည်း သေးသေးလေးတွေလှီးပြီး လက်တစ်ဆုပ်စာလောက် ထည့်မွှေပါ။

အားလုံးပြီးပြီဆိုရင် အိုးထဲကို ရေထည့်ပြီး အပူဒဏ်ခံနိုင်တဲ့ ပန်းကန် (သို့) တစ်ခုခုခံပြီး မွှေထားတဲ့ ကြက်ဥပန်းကန်ကိုတင်ပါ။ ပြီးရင်တော့ အဖုံးအုပ်ပြီး မိနစ် ၂၀ တည်ထားပါ။

အချိန်ပြည့်ရင် ထိုးကြည့်ပြီး ရပြီဆိုရင်တော့ အပြင်ထုတ်ပြီး စားသုံးနိုင်ပါပြီ။

နှမ်းကြိုက်ရင် အပေါ်ကနေ နှမ်းဖြူးပေးပါ။  ဒါဆိုရင်တော့ အာဟာရရှိတဲ့ ကြက်ဥပေါင်းကို ရရှိသွားပြီဖြစ်လို့ ကိုယ်အဆင်ပြေသလို စားသုံးနိုင်ပါတယ်။

Source: www.onemealaday