ဟော့ဒေါ့ဆိုရင်တော့ မိန်းကလေးတော်တော်များများက ကြိုက်နှစ်သက်ကြမယ်လို့ ထင်ပါတယ်။ ဒါကြောင့် ဟော့ဒေါ့တစ်ထုပ်ကိုဝယ်ပြီး အိမ်မှာ ကိုယ်တိုင်အလွယ်တကူနဲ့ အရသာရှိအောင် ကြော်စားလို့ရမယ့်နည်းလမ်းလေးကို မျှဝေပေးချင်ပါတယ်။ ကိုယ်တိုင်ကြော်စားတာဆိုတော့ စိတ်ကြိုက်အဝစားလို့ရတာပေါ့။

ဟော့ဒေါ့တွေကို အရင်ဆုံး တုတ်ချောင်းလေးတွေနဲ့ ထိုးပြီး ပန်းကန်ထဲတန်းစီထည့်ထားလိုက်ပါ။

ပန်းကန်လုံးထဲကို ပြောင်းဂျုံ – ခွက်ရဲ့လေးပုံ ပုံ သုံးပုံစာ၊ ဂျုံမှုန့် – ခွက်ရဲ့လေးပုံ ပုံ သုံးပုံစာ၊ သကြား – လက်ဖက်ရည်ဇွန်း ၃ ဇွန်း၊ မုန့်ဖုတ်ဆိုဒါ – လက်ဖက်ရည်ဇွန်း – လေးပုံ ပုံ သုံးပုံစာနဲ့ ဆား – လက်ဖက်ရည်ဇွန်း တစ်ဝက်စာတို့ကိုထည့်ပြီး မွှေပေးပါ။

သေချာမွှေပြီးသွားရင်တော့ ကြက်ဥ အလုံးကြီးတစ်လုံးကို ဖောက်ထည့်ပြီး Butter Milk – တစ်ခွက်စာကို ထည့်ပေးပါ။ ထောပတ် – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ မုန့်ဖုတ်ဆိုဒါ – လက်ဖက်ရည်ဇွန်း လေးပုံ ပုံ တစ်ပုံစာတို့ကိုထည့်ပြီး ပျစ်သွားတဲ့အထိမွှေပေးပါ။ ပျစ်သွားပြီဆိုရင်တော့ ရှည်တဲ့ခွက်ထဲကိုပြောင်းထည့်ပြီး ဟော့ဒေါ့တွေကို နှစ်လိုက်ပါ။ ပြီးရင်တော့ ဆီအိုးထဲထည့်ကြော်လို့ရပါပြီ။

ဆီအိုးထဲကထုတ်တာနဲ့ အချဉ်နဲ့တို့ပြီး အသင့်စားသုံးနိုင်တဲ့ ဟော့ဒေါ့ကို ရရှိသွားပါပြီ။

Photo Source: www.yummyph.com